အပိုင်း (၃၅၂) အချိန်ဆွဲပြီးရိုက်မယ်၊ တစ်သင်းလုံးကို ရှင်းပစ်မယ်

Start from the beginning
                                    

တစ်ကြိမ်သာ-ေသသေးသည့် လူနှစ်ယောက်သည် သည်တစ်ကြိမ်တွင်တော့ လင်ဖုန်းနှင့် ရင်းဝူယောင်တို့က သူတို့ကို အနီးကပ်တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ဟု တွေးထားလိုက်ကြပြီး လှည့်မပြန်ခင် တိမ်ကျားကို တိုက်ခိုက်ချင်ခဲ့ကြသည်။

သူတို့သည် ရန်သူက မျှော်လင့်မထားလောက်အောင် တစ်ချက်ကလေးပင် တွေဝေမှုမရှိသည်ကို ဘယ်တော့မှ တွေးမထားခဲ့ကြပေ။ လူနှစ်ယောက်သည်သူတို့ထံသို့ အရှိန်နှင့် တန်းတန်းမတ်မတ် ဝင်လာပြီး တိမ်ကျား ရှေ့တွင်ရပ်လိုက်ပြီး ရိုက်ချက်ကြီးတစ်ခုကိုဆက် ထုတ်လိုက်လေသည်။

K.O.

ချက်ချင်းလိုပင် ဆာကူရာအသင်းသားနှစ်ယောက်သည် -ေသသွားတော့သည်။

ရှူဂျိသည် အန္တရာယ်ကို မြင်လိုက်သည့် ပထမဆုံးသူဖြစ်ရာ ဘာယဥ်ကျေးမှုမှမရှိဘဲ သူသည် မြက်ခင်းထဲသို့ ချက်ချင်းခုန်ဝင်သွားပြီး ထိုနေရာမှာ လူများကို ခြုံခိုတိုက်ခိုက် ချင်နေသည်။ သူသည် ပြန်ရောက်လာမည့် လင်ဖုန်းနှင့် ရင်းဝူယောင် နှစ်ယောက်စလုံးကို ရိုက်ချက်ကြီးတစ်ခု ပေးရန် သူတို့ပြန်အလာကို စောင့်နေ၏။

အကြောင်းမှာ လင်ဖုန်းနှင့် ရင်းဝူယောင်သည့် သွေးလျော့နေသည်ကို သေချာမြင်နေရပြီး တိမ်ကျားသည် သူတို့ခေါင်းဆောင်ကို သွားသတ်နေရာ သည်နေရာတွင် နေခြင်းက သူ့အတွက်အကောင်းဆုံး ဖြစ်လေသည်။

သို့သော် ရှူဂျိကို အံ့ဩသွားရစေသည်က သူ ထိုင်ချလိုက်ချိန်မှာပင် သူ့ကျောသည် စူးခနဲဖြစ်သွားတော့သည်။

ဝှစ်။

သူက တခြားသူများကို သ-တ်သည့်အနည်းအတိုင်း ပြန်တိုက်ခိုက်ခံလိုက်ရ သကဲ့သို့ တစ်စုံတစ်ယောက်သည် မြက်ထဲတွင် ပုန်းနေပြီး သူ့ကို ဓားနှင့် ထိုးချလိုက်တော့သည်။

ဘယ်သူလဲ။

ရှူဂျိ၏မျက်လုံးများသည် နီရဲသွားတော့သည်။

သူသည် မောက်စ့်ကို ရွှေ့လိုက်ပြီး တန်ပြန်တိုက်ခိုက် ချင်လိုက်၏။

သို့သော် အသုံးမဝင်တော့ပေ။

ချင်မော့သည် လှလှပပအနှေးပြကွက်တစ်ခုကို သုံးလိုက်ပြီးနောက် သူ့ကို အေးခဲသွားအောင် စကေးကို သုံးလိုက်ပြီး ထိုတောင့်တင်းနေသည့်ပုံရိပ်ကို စတင် ရိုက်နှက်လိုက်တော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now