အပိုင်း ( ၃၅၀) ချင်မော့ရဲ့ ပထမဆုံးတိုက်ကွက်က အနိုင်ယူဖို့ စောင့်နေတယ်

Bắt đầu từ đầu
                                    

သူတို့အတွေးထဲ၌ ချင်မော့၏ နည်းဗျူဟာသည် အဆင့်မီဟုသာ တွေးထားခဲ့၏။ သူသည် သွေးပင် အပြည့်ပြန်မဖြည့်နိုင်လောက်ပဲ သူ့ energy ကပင် သနားစရာကောင်းနေတော့သည်။

ရှူဂျိသည် တစ်ဖက်လူတွင် မည်သည့်အကြောင်းအရင်းရှိသည်ကို ဂရုမစိုက်ပေ၊ ဤနည်းဗျူဟာမျိုးသည် သူတို့ အသုံးချရန်ပင် မထိုက်တန်ပေ။

သူသည် မောက်စ့်ကို ရွှေ့လိုက်ပြီး အရှိန်တင်ကာ ချင်မော့နှင့် ရွှယ်ယောင်ယောင် နှစ်ယောက်လုံးကို ဒေါသတကြီးဖြင့် သတ်ချင်နေတော့သည်။

ဆာကူရာအသင်းဖန်များသည် နှစ်ယောက်ဆက်တိုက် သတ်ပြီး အောင်ပွဲခံရတော့မည်ဟု သေချာတွက်ထားလိုက်တော့သည်။

သို့ရာတွင် သူတို့သည် ထိုဖိနှိပ်ခံ ချင်မော့က လေပွေအရိပ်ဓားကောက်ကို လွှတ်ထုတ်လိမ့်မည်ဟု မျှော်လင့်မထားကြပေ။ စက္ကန့်ပိုင်းအတွင်း နေရာတစ်ခုလုံးသည် လေပြင်းများ၊ လျှပ်စီးရောင်များနှင့် ဖုံးလွှမ်းသွားတော့သည်။ ထိုအလင်းသည် စခရင်တစ်ခုလုံး ပြည့်သွားလေသည်။

သူနှင့် အနီးဆုံးတွင်ရှိသည် ကစားသမားနှစ်ယောက်သည် သူ့အကွက်နှစ်ခုတွင် သွေးတစ်ဝက် လျော့သွားတော့သည်။

ထိုဆာကူရာအသင်းသားနှစ်ယောက်သည် လန့်သွားပြီး ချက်ချင်း ပြန်ဆုတ်သွားတော့သည်။

ရွှယ်ယောင်ယောင်သည် ရိုက်ချက်ကြီးတစ်ခု ထုတ်လိုက်ရာ

ဘန်း ၊ နှစ်ယောက်ဆက်တိုက် သတ်ပြီး။

ရှူဂျိသည် ပြန်မဆုတ်ချေ။ သူသည် ဤSupreme အသင်းခေါင်းဆောင်က လှည့်ကာ တစ်ချက်ပတ်ရမ်းတာလွဲလျှင် ဘာမှမလုပ်တတ်ဟုသာ မြင်လိုက်လေသည်။

ရိုက်ချက်များသည် အတန်သင့်ထိရောက်သော်လည်း သူ့အတွက်တော့ ဘာမှမဟုတ်ချေ။

ရှူဂျိ၏လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် ကခုန်နေပြီး သူ့ဂိမ်းဇာတ်ကောင်ကို ထိန်းချုပ်ရင်း ချင်မော့၏မျက်နှာကို ချက်ချင်း ထိုးချလိုက်လေသည်။

တင်ဆက်သူသည် စကားမပြောနိုင်တော့ဘဲ ဖန်များသည် ကျယ်လောင်စွာအော်ဟစ်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ