စပျစ်ဝိုင်လက်ဆောင်

Comincia dall'inizio
                                    

"အမေ ကျွန်တော်ရောက်ပါပြီ"

ဟုန်ရင်းသည် စပျစ်ဝိုင်၏အနံကို သဘောနေကျပြီးသူမသားရောက်လာတော့ အိုးကိုအဖုံးပြန်ခဲ့၍ ပြောလိုက်သည်။

"လုပိုင် သားရောက်ပြီလား ဒီမှာ ဦးလေးပိုင်တို့လာလည်တယ် အမြန် နှုတ်ဆက်လိုက်ဦး"

ပုံမှန်ဆိုလျှင် ချောင်လုပိုင်သည် တိတ်ဆိတ်တတ်ကာ မာနကြီးသော ကောင်လေးဖြစ်သော်လည်း သူသည် သူ၏အဖေဆီမှ အသားချစ်သော ပြဿနာကို အမွေရထားသဖြင့် တောကောင်သားများ၏ အရင်းမြစ်ဖြစ်သော ဒီဦးလေးပိုင်ကို မလွန်ဆန်ရဲပါပေ။

ဒါကြောင့် သူက ခပ်တည်တည်နဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်။

"ဦးလေးပိုင်နဲ့ ဦးလေးရှောင် မတွေ့တာကြာပါပြီ "

ပိုင်လီက လူကြီးလေးလို ပုံစံဖမ်းနေသည့် ရှစ်နှစ်သားလေးကြည့်ကာရယ်လိုက်၍ သူကပြန်နှုတ်လိုက်သလို ရှောင်ဟန်ကလည်း ခေါင်းငြိမ့်ပြခဲ့သည်။

အဲဒီအချိန်မှာ ပိုင်မိန်ကထပြောခဲ့ပါတယ်။

"အယ် မဟုတ်သေးပါဘူး ငါကနင့်ထက်အကြီးပဲကို ဘာလို့ငါ့ကိုကျ မနှုတ်ဆက်တာလဲ နင်မလေးမစားလုပ်တာလား"

ပိုင်မိန်သည် ချောင်လုပိုင်ထက်ကြီးသော်လည်း သူတို့က နှစ်နှစ်လောက်သာကွာ၍ ထပ်ပြီး ပိုင်မိန်က သူ့ညီမလေးနဲ့ ဆော့ကစားတတ်သည့် ကလေးစိတ်မကုန်သေးသည့် မိန်းကလေးဖြစ်နေတာကို မြင်ဖူးထားသော ချောင်လုပိုင်မှာ သူမအား လူကြီးနေရာမသွင်းနိုင်ဖြစ်နေခဲ့တာပင်။

သူက ချောင်းခြောက်ဆိုးပြီး စကားဝိုင်းကို လွဲပြောင်းလိုက်ပါတယ်။

"အမေ ဒီမှာအနံ့တစ်မျိုးရှိနေတယ် ဘာအနံ့လဲ"

ဟုန်ရင်းက ဒါကိုကြားတော့သူမရှေ့ကဝိုင်အိုးကိုပြန်ဖွင့်ပြခဲ့ရင်း...

"အဲဒါ မင်းရဲ့ဦးလေးပိုင်တို့ယူလာတဲ့ ဝိုင်လက်ဆောင်လေ မင်း ဝိုင်ဆိုတာကို မှတ်မိသေးလား အဲဒီ အမေတို့ခူးခဲ့ပြီး ကူချေပေးခဲ့တဲ့ သကြားနဲ့ နှပ်ထားတဲ့စပျစ်ရည်တွေလေ"

စကားဝိုင်းက ပြောင်းသွားတာကြောင့် ပိုင်မိန်က မကျေမနပ်နဲ့ နှာမှုတ်လိုက်ပြီး တစ်ဖက်လှည့်သွားခဲ့ပါတယ်။ သူမက လူကြီးစကားပြောနေတာကို ဖြတ်မပြောချင်လို့ အရှုံးပေးလိုက်တာပါနော်။ ဟုတ်ပြီလား။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝDove le storie prendono vita. Scoprilo ora