စပျစ်ဝိုင်လက်ဆောင်

Start from the beginning
                                    

"မရီး ဒီဝိုင်ကလည်း အရက်တစ်မျိုးပဲမလို့ ကလေးတွေနဲ့မသင့်တော်ဘူး ကလေးကို ရှောင်ဟန်ဆီ ခဏပေးထားလိုက်ပါလား"

ဟုန်ရင်းသည် ထိုတော့မှ သူမ ဘယ်လောက်အလျှင်လိုသွားမှန်း သဘောပေါက်သွားပြီး သူမက ရယ်၍...

"ကြည့်ဦး ငါရဲ့သိချင်စိတ်က အရမ်းအလျှင်လိုနေတာများ ကလေးကိုတောင် မေ့သွားတယ် "

ပြောပြီးနောက် သူမက ရှောင်ဖူကို ချပေးလိုက်ကာ ထိုအသေးလေးကလည်း သူ့အဖေစကားအတိုင်း သူ့ဖေဖေဆီ တန်း​ပြေးသွားခဲ့လေသည်။

နောက်တော့ ဟုန်ရင်းက အိုးကိုဖွင့်ကြည့်လိုက်၏။ သူမ အိုးကိုဖွင့်လိုက်တာနဲ့ စပျစ်ဝိုင်ရဲ့မွှေးရနံ့သည် ရစ်မူးဖွယ်ကောင်းစွာ ထွက်ပေါ်လာခဲ့တော့သည်။ ပိုင်လီကလွဲရင် ဒီကလူတွေက ဝိုင်ရဲ့အနံ့ကို မသိကျသေးတာကြောင့် သူတို့က ဒီစွဲမက်ဖွယ် သစ်သီးဝိုင်အနံ့လေးကို အထူးဆန်းဖြစ်နေကျပြီး ဟုန်ရင်းက...

"အနံလေးကကောင်းလိုက်တာ အရောင်ကလည်းအရမ်းလှတာပဲ ငါတော့ အရသာမကောင်းရင်တောင်အလှကြည့်ဖို့နဲ့ အနံ့အတွက်တင် ဝယ်မိမှာသေချာတယ်"

ပိုင်လီ၏ စပျစ်သီးများသည် အရောင်လှနေခဲ့ပြီး ဖြစ်ပြီး ဝိုင်အဖြစ် ထွက်ပေါ်လာသော အနည်းငယ်တောက်သည့် ခရမ်းနုရောင်ဝိုင်များသည် လွန်စွာလှပပေသည်။ အရသာကိုမပြောသေးခင် ဒီသစ်သီးဝိုင်က အရောင်နဲ့အနံ့နဲ့တင်ကို အမျိုးသမီးတွေနဲ့ ကောတွေရဲ့ အချစ်တော်လေးဖြစ်ဖို့ လုံလောက်နေပါပြီ။

ပိုင်မိန်လေးကလည်း သဘောကျစွာနဲ့...

"ဟုတ်တယ်နော် အနံ့လေးက စပျစ်သီးအနံ့လေးပဲဆိုပေမယ့် နည်းနည်း တစ်မျိုးလေးဖြစ်သွားတယ် အဲတာကသင်းသင်းလေး အရောင်ကလည်း ပြောင်းမသွားဘူး သူ့ရဲ့မူရင်းအရောင်အတိုင်း လှနေတုန်းပဲ"

ရှောင်ဟန်ကလည်း သူတို့နှင့်အတွေးတူပေသည်။ သူကမနက်တုန်းက ပိုင်လီ ဝိုင်အိုးကိုဖောက်နေတဲ့အချိန်မှာ ကူညီပေးခဲ့၍ ဒီအနံ့ကိုစရတဲ့အချိန်မှာ လုံးဝသဘောကျခဲ့ရတာပင်။

သူတို့တွေ စကားပြောနေတဲ့အချိန်မှာပဲ ချောင်လုပိုင်က ခန်းမထဲရောက်လာခဲ့ပါတယ်။ ဒီကောင်လေးက သူ့အမေခေါ်လို့လာခဲ့တာဖြစ်ပြီး ခန်းမထဲဝင်လာချိန်မှာ သူ့အမေဘာကြောင့် သူ့ကိုခေါ်သလဲဆိုတာကို နားလည်သွားခဲ့၏။ သူက...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now