ချောင်မိသားစုသို့ အလည်တစ်ခေါက်

Start from the beginning
                                    

ပိုင်လီမှာ သူ့ဇနီးစကားကြောင့် သူ့လက်ထဲက နှင်တံကိုလိုက်ဖမ်းနေတဲ့ လူဆိုးလေးကို ငုံ့ကြည့်လိုက်မိ၏။ သူကြည့်နေတာတွေ့တော့ ထိုကောင်လေးကလည်း သူ့ကိုပြန်မော့ကြည့်လာပြီး သွားသေးသေးလေးတွေ အကုန်ပေါ်လာတဲ့ထိ ရယ်ပြလာ၍ ပိုင်လီက ရယ်လို့ဖောင်းထွက်လာတဲ့ ပါးဖောင်းဖောင်းလေးကိုညှစ်လိုက်ပြီး သူ့ဇနီးလေးကို ပြန်ပြောလိုက်သည်။

"ကလေးတွေက ငယ်ပါသေးတယ်ကွာ ဒီအရွယ်လေးတွေက ဆော့တာပုံမှန်ပါပဲ သူတို့က ဘာမှသိသေးတာမဟုတ်ဘူးလေ"

ဒါကိုကြားတော့ ရှောင်ဟန်မှာ သူ့ခင်ပွန်းက ကလေးတွေကို အရမ်းကာကွယ်ပေးတာပဲဟု ခံစားခဲ့ရသော်လည်း ဘာမှမပြောခဲ့တော့ပေ။

အဲဒီအချိန်မှာ ရှောင်ဖူလေးက လှည်းပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ရှုခင်းတွေကို စိတ်ဝင်တစားကြည့်နေတာဖြစ်၏။  သူလေးက ငှက်အနီလေးကိုတွေ့တော့ သူ့ဖေဖေကို လှမ်းခေါ်လိုက်ပြီး...

"ဖေဖေ.. ဖေဖေ ကြည့် အဲမှာ ငှက်နီလေးတစ်ကောင်ရှိတယ် သားတွေ့လိုက်တယ်"

ရှောင်ဟန်က အသေးလေးပြသည့်နေရာသို့ ကြည့်လိုက်သော် သေးငယ်သည့် ငှက်နီလေးတစ်ကောင်ကိုတွေ့လိုက်ရပြီး ထိုငှက်လေးက အတော်ပင် ချစ်စရာကောင်းနေ၍ ပျင်းပျင်းရိရိနှင့် ထိုင်လိုက်လာသည့် ပိုင်မိန်ကလည်း ငှက်ကြည့်ပွဲမှာ ဝင်ပူးပေါင်းခဲ့လိုက်သည်။

သူတို့ရဲ့ ငှက်နီလေးက ဘယ်လောက်ချစ်စရာကောင်းကြောင်း ပြောနေတဲ့ စကားသံတွေကြောင့် လှည်းရှေ့ရောက်နေတဲ့ ရှောင်ဝူလေးက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ နောက်တော့ သူလေးက မနေနိုင်တော့ဘဲ သူ့အဖေထံမှထွက်၍ လှည်းနောက်ထဲသို့ပြန်လာကာ ငှက်ကြည့်ပွဲတွင် ဝင်ပူးပေါင်းခဲ့သဖြင့် ကျန်လမ်းတစ်လျောက်လုံးမှာ ထိုလူဆိုးလေးအား ဆူပူသံများဖြင့်သာ တစ်ဖန် ပြည့်နှက်လို့ သွားခဲ့ပြန်ပါတော့သည်။

ဆိပ်ကမ်းမြို့ကို ရောက်ချိန်မှာတော့ ရှောင်ဟန်လည်း အတော်လေးမောနေပြီဖြစ်၏။ ထိုအချိန်မှာ မရပ်နားတမ်း လမ်းတစ်လျောက်လုံဆော့လာခဲ့တဲ့ လူဆိုးလေးကတော့ ရောက်ခါနီးမှ အိပ်ပျော်သွားခဲ့လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now