အဖွားကြီးကျန်း ပြောတဲ့ အားလျန်နဲ့ အားရန်တို့က သူမရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေး မိသားစုတို့က သားတွေ ဖြစ်ပြီး သူတို့က အဖွားကြီးရြဲ အချစ်ဆုံး မြေးများဖြစ်သည်။

ဒုတိယမြောက်သားနဲ့ တတိယမြောက်သားတို့တွင် သားတစ်ယောက်နဲ့ သမီးတစ်ယောက်စီ ရှိကြသည်။ တခြားကျန်းဟွေ့ရဲ့ ဝမ်းကွဲနဲ့ ပတ်သတ်ပြီး အဖွားကြီးကျန်းက စကားတစ်ခွန်းမှ မပြောပေ။

အဖွားကြီးကျန်းက မိန်းကလေးများထက် ယောင်္ကျားလေးများကို ဦးစားပေးလေ့ ရှိသည်။ သူမကို မနှောင့်ယှက်သရွေ့ အဖွားကြီးရဲ့ အရေးကိစ္စများကို ဂရုစိုက်ရန် ပျင်းလွန်းလှသည်။

ဒီအရာတွေက အဖွားကြီး အိမ်ပြန်ဖို့ လုယက်လာတဲ့ အိမ်ကပေးတဲ့ လက်ဆောင်လို့ သတ်မှတ်လိုက်သည်။

ကျန်းဟွေ့က သူမလက်ထဲမှာ ရှိတဲ့ ပစ္စည်းများကို ယူပြီး ကားထဲထည့်တာကို မြင်တဲ့အခါ စိတ်သက်သာရာရသွားသည်။

သူမမြေးမလေးက အသက်မပြည့်သေးပေမဲ့ သူမရဲ့ အရှိန်အဝါက အရမ်းကြောက်စရာ ကောင်းသည်။

ကျန်းဟွေ့က ရုပ်တည်ဖြင့် သူမကို ကြည့်လိုက်တိုင်း သူမအနည်းငယ် ကြောက်သွားသည်။ အဓိက က ကျန်းဟွေ့နဲ့ ရဲ့နင်းရှန်တို့က သူမကို မြို့ထဲမှာ ပျော်ရွှင်စွာ နေထိုင်ခွင့် ‌မပေးမှာကို စိုးရိမ်တာကြောင့် ဖြစ်သည်။

ဇိမ်ခံအိမ်လေးမှာ နေထိုင်ရင်း နေ့တိုင်း အသားစားပြီး အဝတ်အစားသစ်တွေကို ဝတ်ရတာက သူမအိပ်မက်ထဲက အတိုင်း ဖြစ်ပြီး ဒီလိုကောင်းမွန်တဲ့ဘဝကို စွ့န်လွှတ်ရန် ဝန်လေးနေသည်။

ဒီနေ့ ရွာကို ပြန်ကြတဲ့သူတွေ များသည်။ ဒါကြောင့် ကျန်းဟွေ့က ရဲ့ရှောင်ယွီကို ခေါ်ပြီး ကျန်းဖုန်၊ အဘိုးကျန်း၊ အဖွားကျန်း၊ ကျန်းကျင်းတုန်နဲ့ ရဲ့နင်းရှန်တို့ကို ကားဖြင့် ရွာကို ခေါ်သွားလိုက်သည်။

ကားနှစ်စီးက ရွာထဲကို ဝင်လိုက်တာနဲ့ မရေမတွက်နိုင်တဲ့ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံရသည်။

"ဘယ်သူဌေး ပြန်လာတာလဲ?"

အားလုံးက မှန်းဆနေကြတုန်းမှာ ကားမှန် ပွင့်လာပြီး အဖွားကြီးကျန်းရဲ့ မျက်နှာကို မြင်လိုက်ရသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းDonde viven las historias. Descúbrelo ahora