အတန်းဖော် ရောက်လာပြီးနောက် ကျန်းဟွေ့က အတန်းဖေယ်ထံကနေ ပိုက်ဆံချေးပြီး ထိုကြင်နာတဲ့ ဆိုင်ရှင်ကို ဖုန်းဘေလ်အတွက်ဆိုပြီး တစ်ယွမ် ပေးကာ ကျေးဇူးတင်စကား ပေးခဲ့သည်။

လင်ကီကီက ဒီအချိန်တွင် သူမထက် အခြေအနေ ဆိုးနေသည်။ ကျန်းဟွေ့က သနားသွားပြီး "မစ္စ ဘာဖြစ်နေတာလဲ။ အကူအညီ လိုသလား။" လို့ မေးလိုက်သည်။

အခုအချိန်တွင် လင်ကီကီက အသက် 22 နှစ်ရှိပြီ ဖြစ်ပြီး တက္ကသ်ိုလ်ကလည်း ဘွဲ့ရပြီပြီး ဖြစ်သည်။ ဘွဲ့ရပြီးနောက် သူမမ်ိဘတွေနဲ့ အစ်ကိုတွေရဲ့ ချစ်ခင်ကြင်နာမှုဖြင့် ကြီးပြင်းလာခဲ့သည်။ သူမက ရုပ်ရည်ချောမောပြီး အပြစ်ကင်းစင်တဲ့ ကိုယ်ရည်ကိုယ်သွေး ရှိသည်။

မနှစ်က ကျန်းဟွေ့နဲ့ တွေ့တုန်းက သူမက အသက် 16 နှစ်သာ ရှိသေးတာကြောင့် လင်ကီကီကို miss sister လို့ ခေါ်လိုက်သည်။

လင်ကီကီက ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ ကျန်းဟွေ့ကို မော့ကြည့်ပြီး မျှော်လင့်တကြီးဖြင့် "ညီမလေး အစ်မကို ကူညီပေးနိုင်မလား။"

ကျန်းဟွေ့က ပြုံးပြီး "ဘယ်လို ကူညီပေးရမှာလဲရှင့်။"

လင်ကီကီက "ညီမလေး အစ်မကို အလုပ်လေး ရှာပေးလို့ ရမလား။ အစ်မက Wan Province Normal University ကနေ ဘွဲ့ကထားတဲ့ ကောလိပ်ကျောင်းသားပါ။ ဒီနှစ်မှာ အသက် 22 နှစ် ပြည့်ပြီ။ အစားအသောက်နဲ့ နေရာထိုင်ခင်း ထောက်ပံ့ပေးရင် ဘာမဆို လုပ်ပေါ့မယ်။"

ကျန်းဟွေ့က သူမက ဘွဲ့ရတစ်ယောက် ဖြစ်သည်ကို ကြားတဲ့အခါ အနည်းငယ် အံ့ဩသွားပြီး "အစ်မက တက္ကသိုလ်ကနေ ဘွဲ့ရပြီ၊ ဘာလို့ ကျောင်းမှာ စာမသင်တာလဲ။ ဆရာမတစ်ယောက် ဖြစ်တာ ဘယ်လောက်တောင် ကြည်နူးစရာ ကောင်းလိုက်လဲ။ ပြီးတော့ အားလပ်ရက်လည်း အများကြီးဘဲ လစာလည်း ရသေးတယ်။"

လင်ကီကီက ကျန်းဟွေ့ကို ရှက်ရွံ့စွာ ပြုံးပြလိုက်ပြီး "အစ်မ့မိဘတွေက အစ်မကို ကျောင်းမှာ အလုပ်လုပ်စေချင်တာ။ အစ်မ့အတန်းဖော်ဆီကနေ Yang Cheng နဲ့ Peng Cheng မှာ လုပ်ခလစာက အရမ်းများပြီး အခွင့်အလမ်းလည်း များတယ်လို့ ကြားခဲ့တာ။ ဒါကြောင့် ရထားလက်မှတ်ဝယ်ပြီး ဒီကို လာခဲ့တာ။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now