"မင်းသွားတော့ ငါမျက်နှာသစ်ပြီး ဆင်းလာခဲ့မယ်"

မာန်ပြောလိုက်သော်လည်း ခွန်းဆက်က မသွားသေးပဲ မာန့်ကို စိုက်ကြည့်နေသေးသည်။ ရှင်းရှင်းပြောရလျှင် မာန်ပြောသည်ကို ခွန်းဆက်မကြားပါ။ခွန်းဆက် အာရုံအလုံးစုံက နီရဲနေသော နှုတ်ခမ်းတွင်သာရှိနေလေသည်။

"မင်း ဘာကြည့်နေတာလဲ"

မာန့်အသံ အနည်းငယ်ကျယ်သွားသည်ကြောင့် ခွန်းဆက်စိတ်တို့ အလုံးစုံပြန်ရရှိကာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး

"ဘာမှမကြည့်ပါဘူး... ဒါနဲ့ ခင်ဗျားမျက်နှာလေးကြည်နေသလိုပဲ... ၀မ်းသာစရာ တစ်ခုခုရှိလို့လား"

ခွန်းဆက် စကားလွှဲခြင်းသာ ဖြစ်သည်။ မာန့်မျက်နှာဘယ်လိုရှိနေသည်ကို သူမသိ။ သူသိသည်က စတော်ဘယ်ရီလိုရဲနေသော နှုတ်ခမ်းလေးအား ကိုက်ဆွဲချင်နေသည်ဆိုတာကိုပင်။

"အင်း ရှိတယ်"

"ဟမ်"

"၀မ်းသာစရာဆိုတာထက် စိတ်ချမ်းသာစရာလေးပါ"

မာန်က ထိုစကားကို ပြုံး၍ပြောလာသည်။ နှုတ်ခမ်းထက်တွင် ပြုံးနေသည်သာမက မျက်ဝန်းများကပါ ပြုံးနေခြင်းဖြစ်သည်။ ထိုသည်ကိုကြည့်ပြီး မာန်တစ်ယောက် ဘယ်လောက်စိတ်ချမ်းသာနေမှန်း သိနိူင်သည်။

"ဘာများလဲ"

ခွန်းဆက်မေးတော့ မာန်က ခွန်းဆက်ကို စိုက်ကြည့်ကာ

"ဘာပဲဖြစ်ဖြစ် မင်းအပူပါလို့လား...သွားစမ်းပါ"

မာန် ခွန်းဆက်အား တွန်းထုတ်ပြီး တံခါးကို ပိတ်သွားတော့သည်။

"ကျွန်တော့်အပူမပါလို့ ဘယ်သူ့အပူပါရမှာလဲ"

အခန်းအပြင်တွင် ကျန်ခဲ့သော ခွန်းဆက်မှာတော့ တစ်ယောက်တည်းရေရွတ်ရင်း စတော်ဘယ်ရီသီး စားချင်စိတ်ကို အတင်းထိန်းချုပ်ကာ မာန့်အခန်းရှေ့က လှည့်ထွက်လာတော့သည်။

*********************************
3 weeks later,

မာန်၊ သော်တာနှင့် လင်းသာတို့ ကုမ္ပဏ်ီနားက ကော်ဖီဆိုင်တွင် ရှိနေကြပြန်သည်။ သော်တာ၏ ဟိုလူအကြောင်းသိရပြီဟု ဖုန်းဆက်လာသောကြောင့် ဤဆိုင်တွင်ဆုံရန် မာန်က ချိန်းခဲ့သောကြောင့် ရောက်ရှိနေကြခြင်းဖြစ်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now