အပိုင်း (၃၄၂) ချင်မော့၏သံသယ

Start from the beginning
                                    

ဤကောင်ကလေးသည် သူ့လက်မောင်းထဲတွင် ဤသို့ နောက်တီးနောက်တောက် ပြုမူလိမ့်မည်ဟု မည်သူ ထင်ထားပါမည်နည်း။

ဖူကျို့သည် တစ်ကြိမ် တိုက်လိုက်ပြီး ကြီးမြတ်လှသည့်သခင်လေးထံမှ ရှင်းလင်းသည့် သက်ပြင်းချသံကို ကြားလိုက်ရလေသည်။

သူမသည် ထိုအရာကို သဘောကျနေပြီး ခေါင်းနှင့်တိုက်တမ်း ဆက်ကစားနေတော့သည်။

ချင်မော့သည် သူ့ရင်ဘတ်ကို လာတိုက်နေသည့် ခေါင်းကို ငုံ့ကြည့်လိုက်၏။ သူမ၏ငွေရောင်ဆံပင်ကြောင့်ဖြစ်လာသည့် ဆံပင်ခွေလေးသည် ဖူကျို့ကို ထပ်လောင်း ချစ်စဖွယ်ဖြစ်နေစေတော့သည်။ သူသည် ဒေါသထွက်လာကာ ကောင်လေးကို ထရော်လီပေါ် ချက်ချင်း တွန်းချလိုက်မည့်အစား လေသံနိမ့်ကာ အစ်ကိုကြီးတစ်ယောက်ပမာ သူ့ကို သင်ပေးလိုက်လေသည်။

“ မတော်သေးဘူးလား”

ဖူကျို့သည် ချစ်စဖွယ်ရယ်လိုက်ပြီးနောက် ရပ်လိုက်ကာ သူမ၏ခေါင်းကို သူ့ရင်ဘတ်ပေါ်တွင် မှီထားလိုက်တော့သည်။

ချင်မော့၏ ဖော်ပြလို့မရနိုင်သော ဒေါသစိတ်တို့သည် ကောင်လေး၏ ရွှတ်နောက်နောက် အပြုအမူကြောင့် ပျောက်ကွယ်သွားတော့သည်။ သူ့နှုတ်ခမ်းထောင့်သည်ပင် မသိလိုက်ပါဘဲ အပေါ်သို့ ကွေးတက်သွားတော့သည်။

အမှန်ပင် ရူးလောက်ပေသည်။

ထရော်လီပေါ်တွင် လူများပြည့်ကျပ်နေသောကြောင့် သူတို့၏အပြုအမူများမှာ ပုံမှန်ပင်ဖြစ်နေ၏။ လုံးဝမသင့်တော်သည်ဟူ၍ မရှိပေ။

သည်အတိုင်းပင်... ဖူကျို့၏ခေါင်းသည် ချင်မော့၏ပခုံးအောက်တည့်တည့်တွင် ရှိနေသည်။

ငွေရောင်ဆံပင်နှင့် ကောင်လေးကို တစ်ခြမ်းသာမြင်ရပြီး ကျန်ယောက်ျားသည် အေးစက်ကာ လွှမ်းမိုးဟန် ပေါ်နေသည်။

လူအချို့သည် သူတို့ကို ဓာတ်ပုံရိုက်ထားချင်နေ၏။

သို့ရာတွင် ဓာတ်ပုံမရိုက်နိုင်ခင်မှာပင် သူတို့နှစ်ယောက်သည် ကားပေါ်က ဆင်းသွားတော့သည်။

ချင်မော့က အရင်ဆုံး ဆင်းလာ၏။ အပြင်ဘက်က လေထုသည် သန့်ရှင်း လတ်ဆတ်နေသော်လည်း သူ့ရင်ဘတ်နှင့်ထိနေသည့် ပွယောင်းယောင်းခေါင်းလေး မရှိတော့သည်က သူ့ကို တစ်ခုခု ခံစားနေရစေတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now