"ဘာလို့လဲ မာန်...မင်းသူ့ကို မြင်ဖူးလို့လား"

သော်တာ့က မာန့်မျက်နှာအခြေအနေကိုကြည့်ကာ မေးသည်။ မာန်လည်း ခေါင်းခါပြလိုက်ရင်း လင်းသာကို ဖုန်းပြန်ပေးလိုက်သည်။ တကယ်လည်း မာန်သေချာမသိပါ။ မြင်ဖူးသလိုလိုရှိပေမယ့် ဘယ်မှာမြင်ဖူးလည်း မမှတ်မိသောကြောင့်ပင်။ လင်းသာက မာန့်ထံမှ ဖုန်းကိုယူပြီး မာန့်အားကြည့်ကာပြောသည်။

"သူတို့ဝိုင်းနဲ့ ငါတို့်ဝိုင်းက ကြားမှာ ၀ိုင်းနှစ်ဝိုင်းခြားနေတော့ ဘာတွေပြောလဲ မကြားခဲ့ရဘူး"

"ရတယ်... အခုပုံရပြီဆိုတော့ ဖြည်းဖြည့်ချင်း စုံစမ်းကြည့်ရမှာပေါ့"

"အဲ့ကိစ္စကို ငါ့တာဝန်ထားလိုက် မာန်"

မာန် သော်တာ့ကို ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ကြယ်စင်ဆီသွားကြမယ်လေ"

လင်းသာ စကားကြောင့် မာန်နဲ့သော်တာ စိတ်လေသည့်ပုံစံဖြစ်သွားကြသည်။

မတွေ့ရတာလည်းမဟုတ်...နေ့တိုင်းတွေ့နေရသည်ကို... တွေ့ရလွန်းလို့ စပ်စလူးကိုခါနေတာပဲ.....

"ကြယ်စင်ဆီဆိုတော့ အမောင်လင်းသာတို့များ တက်ကြွနေလိုက်တာ မာန်ရာ"

သော်တာက လင်းသာကို စောင်းပြောရုံမက မာန့်ကိုပါ အဖော်ညှိလိုက်သေးသည်။ မာန်တို့ ၃ယောက်လည်း ဆိုင်ထဲမှထွက်ကာ ကြယ်စင်ဆီသို့ ဦးတည်ခဲ့ကြတော့သည်။ ၃ ယောက်လုံး သတိမထားမိသည်ကတော့ သူတို့ဆိုင်ထဲကို စ၀င်လာကတည်းက သူတို့အား မျက်စိမလွှဲ ကြည့်နေသောသူ တစ်ယောက်ရှိသည်ကိုပင်။

"အလင်္ကာမုန်းမာန်...ခင်ဗျားက ဓာတ်ပုံထဲမှာထက်ကို အပြင်မှာပိုချောပိုလှတာပဲ...သဘောကျသွားပြီ"

**********************************
မာန်တို့ လေးယောက်သား ဧည့်ခန်းတွင်ထိုင်ကာ UNO  ကစားနေကြသည်။ ခွန်းဆက်ကတော့ အိမ်တွင်မရှိ။ နေ့လည်ထဲက အပြင်ထွက်သွားသည်ဟု အန်တီမိုး၏ ပြောပြချက်ကြောင့် သိရသည်။ မာန်လည်း သူတို့အေးဆေးနေလို့ရရန် အန်တီမိုးအား နားခိုင်းလိုက်သည်။ အချိန်အတော်အကြာ တစ်ပွဲပြီးတစ်ပွဲ ကစားပြီးတဲ့နောက်မှာတော့ ကြယ်စင်က

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now