"မပြေပါဘူးကွာ... ကမ္ဘာပေါ်မှာ အတုံးဆုံးလူတောင် သူ့လောက်တုံးမယ် မထင်ဘူး"

"ဟားဟား "

ခွန်းဆက်ရယ်သံထွက်လာတာကြောင့် မိုးထက်မျက်နှာဆူပုတ်သွားတော့သည်။ ခွန်းဆက်တို့ ဘာအကြောင်းပြောနေသည်ကိုလည်း နားမလည်။

"မင်းတို့ ဘာတွေပြောနေတာလဲ... ငါနားလည်အောင် ရှင်းပြပါအုံး"

"ရှင်းပြလည်း မင်းနားလည်မှာမှ မဟုတ်တာ ငဒူကောင်ရ"

"ဘာ!! ရောင်နီ! "

"အေးပြော ဖေ့သားလေး ဟားဟား"

ူ"ရောင်နီ မစနဲ့တော့ ဒီမှာငိုတော့မယ်"

"ငါဘယ်မှာငိုလို့လဲ ခွေးကောင် ကောင်းထက်"

"ဟားဟား"

"ငါမင်းတို့ဆီ လာခဲ့မယ်"

"အေးမြန်မြန်လာ မင်းကိုထိုးဖို့ ငါထိုင်စောင့်နေတယ်"

"မင်းလို ၂ပေ၁လက်မ အရပ်နဲ့ ငါ့ကိုထိုးမလို့လား... ဆယ်နှစ်ကြိုးစား သားလေး... ဆယ်နှစ်ကြိုးစား ဟားဟား "

"ဟေ့ကောင် ရောင်နီ"

မိုးထက် ဆက်ပြောချင်ပေမယ့် တစ်ဖက်ကဖုန်းချသွားပြီဖြစ်သည်။ ကောင်းထက်ကိုကြည့်လိုက်တော့လည်း ပြုံးစစနှင့်။ မိုးထက် ဘုကြည့်ကြည့်လိုက်ရင်း

"နေနှင့်ဦး... ငါမင်းတို့ထက် အရပ်ရှည်အောင်လုပ်ပြမယ် ကြည့်နေ"

"ဟားဟား ဟားဟား "

ကောင်းထက် မထိန်းနိုင်စွာအော်ရယ်မိတော့သည်။

*********************************
အချိန်အားဖြင့် ညနေ၄နာရီတွင်ဖြစ်သည်။ မာန်တို့ ၃ယောက် မနက်က ပြောခဲ့သည့်အတိုင်း ကော်ဖီဆိုင်တွင် ပြန်ဆုံကြသည်။

"ဒီမှာ ဟိုလူရဲ့ပုံ"

လင်းသာက သူ့ဖုန်းကို မာန့်ကိုပေးလိုက်သည်။ မာန်လည်း ဖုန်းကိုယူပြီး ကြည့်လိုက်သည်။ screen တွင်ပေါ်နေသော လူတစ်ယောက်၏ ပုံကြောင့် မာန် မျက်မှောင်ကြုတ်သွားတော့သည်။ ထိုလူ့ကို တစ်နေရာရာတွင် မြင်ဖူးသလိုမျိုး ခံစားနေရသည်။ ထိုလူရဲ့ မျက်နှာကို မြင်ဖူးသလိုရှိပေမယ့် သေချာမမှတ်မိ။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now