အပိုင်း (၃၄၀) နှင်းထဲမှာ လမ်းလျှောက်မယ်

Start from the beginning
                                    

ဖူကျို့သည် စကားစပြောလိုက်၏။ သူမသည် ဆေးကြောင့် မျက်လုံးစပ်သွားသဖြင့် ခပ်မြန်မြန် မျက်တောင်ခတ်လိုက်ပြီး မျက်လုံးတစ်လုံးထဲကို ဖွင့်ထားကာ

“ မနက်ဖြန် ငါလေးကို ပေးဆော့၊ ငါမပါရင် အဲဒီရှူဂျိကို တားနိုင်ဖို့မလွယ်မှာ စိုးတယ်”

သူ့မှာ အံ့ဩစရာကောင်းတဲ့ လက်အမြန်နှုန်းရှိနေတယ်။ အဲဒါတင်မက အရေးအကြီးဆုံးက သူ ဘယ်အချိန်ထွက်လာပြီး တိုက်ခိုက်မလဲဆိုတာ မသိနိုင်ဘူး။

ဂိမ်းထဲမှာ သစ်တောထဲမှာ ပုန်းလို့ရတယ်လေ ပြီးတော့ ဘယ်သူမှ တွေ့မှာမဟုတ်ဘူး။

သူ့ကို တားဖို့ဆိုရင် နေရာယူမှန်ဖို့နဲ့ အမြန်နှုန်း နှစ်ခုလုံးရှိဖို့လိုတယ်၊ ပြီးတော့ အဓိကအချက်က ခြုံခိုတိုက်ခိုက်တယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပာယ်ကို သိဖို့ပဲ။

ဖူကျို့သည် ဟက်ကာ တစ်ယောက်ဖြစ်၏။ ရှူဂျိနှင့်ယှဥ်လျှင် သူမသည် အယောင်ဆောင် တိုက်ခိုက်ရာတွင် ပိုတော်ပြီး ထိုအချက်အကြောင့်ပင် သူမသည် သူ့ကို ကိုင်တွယ်နိုင်လိမ့်မည်။

ချင်မော့၏လေသံမှာ မပြောင်းလဲပေ။

“ ငါ ရှိနေမှာပဲ ၊ စိတ်မပူနဲ့”

ဖူကျို့သည် ထပ်ပြောချင်သေး၏။

ချင်မော့သည် မျက်ခုံးကို ပင့်လိုက်ပြီး

“ ဘာလဲ ငါ သူ့ကို မကိုင်တွယ်နိုင်ဘူးလို့ မင်းထင်နေတာလား”

ထိုစကားကို ကြားပြီးနောက် ဖူကျို့သည် အော်ရယ်လိုက်တော့သည်။

“ ယုံတာပေါ့၊ အစ်ကိုမော့ကို အားပေးဖို့ အဲမှာ ရှိနေမယ်နော်”

ဘယ်တုန်းက အဲနှစ်ယောက် အဲလောက် ရင်းနှီးသွားတာတဲ့တုံး။

သူတို့၏ အပြန်အလှန် ဆက်ဆံရေးသည် ကြီးမားလာသည်မှု သိပ်မကြာသေးသလို သူတို့သည် လုံးဝ ပြေလည်သွားကြသည်လည်း မဟုတ်ပေ။

သို့သော် သူတို့သည် အချင်းချင်း အလွန်သိနေကြဟန် ပေါ်နေလေသည်။

သူတို့ကြားက အားကောင်းသည့် ယုံကြည်မှုသည် ဘယ်တုန်းကမှ ရှင်းပြရန် မလိုအပ်ပေ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now