အပိုင်း (၃၃၈) ဂေးဖြစ်သွားတာလား ၊ မဟုတ်တာလား

Mulai dari awal
                                    

အတွင်းရေးမှူးလျန်သည် သူဌေးချင်က အစောကြီးကတည်းက သိသွားတာဖြစ်ကြောင်း ပြောချင်ခဲ့လေသည်။

ဒါပေမဲ့ မဒမ်က အခုမှ သိတာတဲ့လား။

သူ့မျက်နှာပေါ်တွင် မျက်ရည်များ ရွှဲနစ်သွားလေသည်။

“ ချင်မော့နဲ့ စကားပြောခဲ့တဲ့သူက ကောင်လေးတစ်ယောက်ဆိုတာကို ဘာလို့ ငါ့ကို မပြောပြခဲ့တာလဲ။ ဒါဆိုရင် ငါလည်း နေ့တစ်ဝက်လောက် စိတ်လှုပ်ရှားနေရမှာ မဟုတ်တော့ဘူး”

အတွင်းရေးမှူးလျန်၏နှလုံးသည် ထွက်ကျလုနီးပါးဖြစ်သွားတော့သည်။

“ အဲဒါကို သိတယ် ဟုတ်လား”

“ အင်း သိတယ်”

မိန်းမလှလေးသည် သက်ပြင်းချလိုက်၏။

“ ငါ အဲအကြောင်းကို အရင်က ပြောဖူးပါတယ်၊ သူက သူ့ရဲ့လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားတာကို မပြောင်းနိုင်ပါဘူးလို့၊ သူ့ရှေ့မှာ တခြားမိန်းကလေးတွေ ပေါ်လာသေးလား ငါ့ကို စောင့်ကြည့်ပေးထားအုံး၊ မဟုတ်လဲ သူတို့တွေ တွေ့ဖို့ အခွင့်အရေးလေးတွေ ဖန်တီးပေးလိုက်ပေါ့ဟယ်”

အတွင်းရေးမှူးလျန်က သူသည် သူ့လိင်ပိုင်းဆိုင်ရာစိတ်ဝင်စားမှုကို ပြောင်းလဲလိုက်ပြီးဟုသာ ပြောလိုက်ချင်တော့သည်။ သို့သော်... စီအီးအို၏ လက်ထောက်တစ်ယောက်အနေဖြင့် သူသည် သာမန်ကာလျှံကာ ခန့်မှန်းရမည့် အရာမျိုး မဟုတ်ပေ။

“ ဟုတ်ကဲ့ပါ မဒမ်၊ ကျွန်တော် စီစဥ်ထားပြီးပါပြီ၊ ဒါပေမဲ့ စီအီးအိုက အဲဒါနဲ့ပတ်သက်ပြီး လုံးဝမကျေနပ်နေဘူးဗျ”

တိုကျို အထူးလေ့ကျင့်ရေးမှာကဲ့သို့ပင် သူသည် ရေခဲနန်းတော်ထဲတွင် ပိတ်မိလုနီးပါးဖြစ်သွားသည်ဟု တွေးမိလိုက်တော့သည်။ ကာလီအသင်းနှင့် မတော်တဆကိစ္စကြောင့် ယခုမူ သူဌေးချင်သည် သူ့ကို စိမ်းစိမ်းကားကား ပြုမူနေတော့သည်။

ဒါသည် သတိပေးချက်တစ်ခုဖြစ်ကြောင်း အတွင်းရေးမှူးလျန် သိလေသည်။

“အင်း ငါတို့တွေ ဒါကို အလွန်အကျွံတော့လုပ်လို့မရဘူး”

မိန်းမလှလေးသည် အချိန်ခဏ စဥ်းစားလိုက်ပြီး ထပ်ပြောလိုက်၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Tempat cerita menjadi hidup. Temukan sekarang