အပိုင်း (၃၃၅) ဂွတ်နိုက်

Start from the beginning
                                    

“ အပေါ် ၊အောက်၊ ချက်ချင်း၊ ပြပွဲ၊ သနားစရာ Spadeကြီး နင်လေ အရမ်းချောတာပဲ ဒါပေမဲ့ အခုထိတော့ အပေါ်က မဟုတ်သေးဘူးနော်”

Spade၏ ဖန်စစ်စစ်များသည် အစ်မလိပ်ကလေး၏ လုပ်ဆောင်ချက်ကို မြင်သွားပြီး ချက်ချင်း follow လိုက်ကြသည်။

“အပေါ်၊ အောက်၊ ချက်ချင်း ၊ ပြပွဲ၊ ငါ့Spadeကြီးရေ နောက်မှ ထပ်ကြိုးစားမယ်မလား”

“ ဒါက အခြေခံအားဖြင့် ကိုယ်နေဟန်ထားပေါ် မူတည်တာလေ၊ Spadeကြီးက အပေါ်က လူဆိုပြီး ငါ အခိုင်အမာ ယုံကြည်ထားတာ၊ လူတစ်ယောက်အတွက်တော့ ဒုတိယမှာပဲပေါ့၊ နင် အဲလိုလုပ်လို့မရဘူးနော်၊ ကြီးမြတ်လှတဲ့သခင်လေးချင်က ဒီအတိုင်း အဲတစ်ယောက်ဖြစ်သွားတာပဲ”

ချင်မော့သည် Weibo စာမျက်နှာများကို လက်ချောင်းများဖြင့် ဆွဲချရင်း Spadeဖန်စစ်စစ်များ၏ “@”စာများကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်သည် အပေါ်သို့ ကွေးတက်သွားတော့သည်။

“ လူတစ်ယောက်အတွက်တော့ ဒုတိယမှာပဲပေါ့၊ ကြီးမြတ်လှတဲ့သခင်လေးချင်က ဒီအတိုင်း အဲတစ်ယောက် ဖြစ်သွားတာပဲ” ဟူသည့်စာကြောင်းသည် ရှင်းပြလို့မတတ်အောင် သက်သောင့်သက်သာ ဖြစ်နေတော့သည်။

သူသည် သူ့လက်ချောင်းများကို မလှုပ်ရှားပဲ မနေနိုင်တော့ဘဲ like ပေးလိုက်လေသည်။

Spade ဖန်သည် သူမကိုသတိပြုမိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးချေ...

ဝိုး.... ကြီးမြတ်လှတဲ့သခင်လေးချင်က ငါ ထင်ထားတာထက် အများကြီး ပိုရင်းနှီးတာပဲ။

“ ကြီးမြတ်လှတဲ့သခင်လေးက ငါ့ကို like ပေးသွားတယ်”

“နင် Spadeကြီးက အောက်ကလူလို့ ပြောလိုက်တုန်းက ကြီးမြတ်လှတဲ့သခင်လေးက နင့်ကို like ပေးသွားတယ်ဟဲ့”

“ ကြီးမြတ်လှတဲ့သခင်လးက အရမ်းလျှို့ဝှက်တာပဲ၊ အခု ငါ့Spadeကြီးက ဘာပြောမလဲ သိချင်နေပြီ၊ မနက်တုန်းကတော့ နင်က ချောလို့ အပေါ်ကတစ်ယောက်ပဲ ဖြစ်ရမယ်လို့ ပြောခဲ့တယ်နော်.... အခု နင်လေး အတိုက်ခိုက်ခံနေရပါပြီ”

ဖူကျို့သည် တရားဝင်Weibo ပေါ်က ကိစ္စကို မသိချေ။ သူမသည် ပါးစပ်ထဲတွင် အသားကင်ပူပူတစ်တုံးကို ကိုက်ထားပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ အေးဆေးစွာထည့်ထားရင်း လက်တစ်ဖက်က အစားအသောက်အပြည့်ပါသည့် ဗန်းတစ်ခုကို ကိုင်ထား၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now