"ဘာကြီးတာလဲ"

ထိူလူက သူ့အားကြည့်ကာ ပြုံးစိစိနဲ့မေးလာသည်။

"ဘာကြီးရမှာလဲ... ကိုယ်လုံးကိုယ်ထည်ကြီးတာကိုပြောတာ"

"ဪ ဟားဟား "

သူပြောလိုက်သည့် စကားကို တစ်ဟာဟားရယ်နေသူကိုကြည့်ကာ သော်တာ စိတ်အချဉ်ပေါက်လာရသည်။

ဘယ်လိုနှာဘူးကောင်နဲ့ လာတိုးနေမှန်းမသိဘူး... ဒီကြားထဲဟိုနှစ်ကောင်က ဘယ်သွားသေနေလဲမသိဘူး......

"မင်းမြတ် မင်းကလည်း ကလေးကိုမစပါနဲ့တော့"

တစ်ဟားဟားရယ်နေသည့်လူကို မင်းမြတ်ဟုခေါ်ကာ သူ့ဘေးမှလူက ပြောလိုက်ခြင်းဖြစ်သည်။

ကလေးတဲ့... ဘယ်သူက ကလေးလဲ... ငါ့ကိုပြောတာလား...ငါက ကလေးမှမဟုတ်တာ.....

"ဒီမှာ ဒီမှာ"

သော်တာ မင်းမြတ်ဆိုသူ၏ ဘေးမှလူအားခေါ်လိုက်သည်။ ထိုလူက သော်တာ့ကို ကြည့်လာပြီး ခေါင်းညိတ်ပြလာသည်။

"ငါက ကလေးမဟုတ်ဘူး...ငါ့အသက် ၂၇ ကွ...ဘယ်နားက ကလေးနဲ့တူနေလို့လဲ... မိန်းမယူရင် ကလေးတစ်ယောက်တောင် ရနေပြီ"

"ဟင် ဒါလေးက ၂၇ "

"ဟုတ်တယ်"

သော်တာ မျက်မှန်ကို ပင့်တင်လျှက် ဟန်ပါပါပြောသည်။ ဒါကို ထိုသကောင့်သားများက မယုံသလို မျက်နှာထားများဖြင့် သော်တာ့ကို ကြည့်နေကြသည်။

"ဟေ့ကောင်တွေ မင်းတို့ယုံလား"

စကတည်းက ဘာမှမပြောသည့်လူက သော်တာ့ကို လက်ညိုးထိုးကာ သူ့သူငယ်ချင်းများကို လှမ်းမေးသည်။ ကျန်နှစ်ယောက်ကလည်း မယုံကြောင်း ခေါင်းခါပြသည်။ သော်တာ ဒေါသများ တလိပ်လိပ်တက်လာနေပြီ ဖြစ်သည်။ တစ်ခုခုပြောရန် ပါးစပ်ပြင်လိုက်စဉ် နောက်ပါးဆီမှ ထွက်ပေါ်လာသော အသံကြောင့် သူတို့အားလုံးထိုနေရာဆီ ကြည့်လိုက်ကြသည်။ တစ်လှမ်းချင်းလှမ်းလာနေသော မာန်နဲ့လင်းသာ။

"သော်တာ ဆိုင်ထဲမ၀င်ပဲ ဘာလုပ်နေတာလဲ"

လင်းသာက မေးလိုက်ခြင်းဖြစ်သည်။ သော်တာ ထိုနှစ်ယောက်ဆီ အပြေးသွားကာ လက်ကိုဆွဲလာပြီး မင်းမြတ်တို့ရှေ့တွင် ရပ်လိုက်သည်

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now