အပိုင်း (၁၁၂)

Start from the beginning
                                    

အဲဒီနောက် သူမသည် ပိုင်ကျန်းကို သနားဖို့ကောင်းစွာ ကြည့်လိုက်ပြီး...

"ရှင်ပြောပါ ကျွန်မတကယ်ပဲ သေလိုက်ရမလား ရှင့်မှာ ရွေးချယ်ခွင့်ရှိပါသေးတယ် အကယ်၍ ရှင်သာကျွန်မနဲ့ မကွာရှင်းတော့ဘူးလို့ ကတိပေးရင် ကျွန်မနဲ့ကလေးကို ခွဲမထားတော့ဘူးလို့ ကတိပေးရင် ကျွန်မဒါကို မသောက်တော့ဘူးလေ ရှင်နောင်တမရအောင် သေချာဆုံးဖြတ်ပါ ရှင်သေချာစဥ်းစားလို့ရ ရ အားးး ပိုင်လီ ကောင်စုတ်! နင်ဘာလုပ်တာလဲ!!"

ဖြစ်ပျက်သွားသမျှသည် အလွန် လျှင်မြန်လွန်းလှသည်။ သူတို့တွေက ကျိုးရှီရဲ့ စကားတွေကြောင့် ဒေါသထွက်နေကျတုန်းမှာပဲ ပိုင်လီကအေးအေးဆေးဆေးနှင့် ရှေ့တတ်သွားခဲ့ကာ သူ့ခြေလှမ်းများက အေးဆေးနေသော်လည်း လျှင်မြန်လွန်းလှသဖြင့် မည်သူမှ တားချိန်မရှိလိုက်သလို ကျိုးရှီပင်လျှင် နောက်ဆုတ်ရန် အချိန်မရှိလိုက်သဖြင့် ကျိုးရှီလက်ထဲက ပန်းကန်လုံးမှာ ပိုင်လီ၏ပုတ်ထုတ်ခြင်းကို ခံခဲ့ရလိုက်တော့သည်။

ကျိုးရှီရဲ့အော်သံနဲ့အတူ ဆေးပန်းကန်လုံး ကျကွဲသံက ခြံထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

ကျိုးရှီက ကျကွဲသွားသည့် ပန်းကန်လုံးကို ထိတ်လန့်စွာကြည့်လိုက်၍ သူမ အသိပြန်ဝင်လာချိန်တွင်တော့ သူမရဲ့အစီစဥ် ပျက်သွားမှုကြောင့် စိတ်တိုစွာဖြင့် သူမရှေ့ကပိုင်လီကို ဒေါသတကြီး ကြည့်လိုက်တော့သည်။ နောက်တော့ သူမက ရိုက်နှက်ဖို့လက်ကိုမြောက်လိုက်ပေမယ့် သူမရှေ့ကလူက ခြေတလှမ်းနောက်ဆုတ်သွားတာကြောင့် လေကိုသာ ရိုက်လိုက်မိပြီး သူမရဲ့ကိုယ်ဝန်ကြောင့် ရှေ့ကိုအားလွန်ကာ ပန်းကန်ကွဲစတွေပေါ် ပြုတ်ကျတော့မလိုပင်ဖြစ်သွားခဲ့၍ အမြန်ပြန်ထိန်းခဲ့ရလေသည်။

ပိုင်လီက သူမရဲ့ ဖြူစုတ်နေတဲ့မျက်နှာနဲ့ ပန်းကန်ကွဲစတွေကို ကြောက်ရွံ့နေပုံအား သူ့အကိုအကြီးဆုံးမြက်ရအောင် ဘေးဖယ်ပေးလိုက်၍...

"အကြီးဆုံးအကို မြင်ရရဲ့လား သူမက ထိခိုက်မှာကိုတောင် ဘယ်လောက်ကြောက်လိုက်သလဲ ဒါကိုတကယ်သေရဲမယ်လို့ အကိုယုံလား သူမက ပိုင်အိမ်မှာ နှစ်တွေအကြာကြီး နေလာတာဆိုတော့ ပိုင်မိသားစုရဲ့စိတ်ဓာတ်ကိုသိနေပြီး သူမသာ သူမနဲ့ကလေးရဲ့အသက်ကို ခြိမ်းခြောက်လိုက်ရင် ပိုင်မိသားစုမှာ နေရာပြန်ရဖို့ ကတိကျိန်းသေပေါက်ရမယ်ဆိုတာသိနေတယ်လေ အကိုလည်း ရှေ့ဆက်သွားနေရင် တကယ် သူမကို ကတိပေးမိတော့မှာမလား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now