အပိုင်း (၁၁၂)

Start from the beginning
                                    

ထိုကျိုးရှီမှာ ပိုင်လီနဲ့ ပိုင်မိဘတွေ ဝင်လာတာမြင်တော့ သူမကအလွန်နာကျဥ်းနေသည့်လူများကိုတွေ့လိုက်ရပုံနှင့် ဆက်ပြောလာခဲ့လေသည်။

"ရှင်က ရှင့်မိသားစုနဲ့စကားနဲ့ပဲ ကျွန်မကိုကွာရှင်းခဲ့တယ်! သူတို့က ကျွန်မတို့ မိသားစုလေးကို ခွဲချင်နေတယ်ဆိုတာကို ရှင်မသိဘူးလား!"

ပြောရင်းနှင့်သူမသည် ဆေးခွက်ကိုင်မထားသောလက်အား သူမဗိုက်ပေါ်တင်လိုက်၍...

"ပိုင်ကျန်း...ကျွန်မတို့မှာ ကလေးရှိသေးတယ်လေ ရှင်ကျွန်မကိုကွာရှင်းလိုက်ရင် ကလေးကိုဘယ်လိုလုပ်မှာလဲ သူလေးက အမေအရင်းနဲ့.မကြီးပျင်းနိုင်တော့ဘူးပေါ့! ကျွန်မသိတယ်! ရှင့်ရဲ့အမေက ရှင့်အတွက် နောက်ဇနီးရှာပေးမယ်ဆိုတာကို! ဒါပေမယ့်သူမက ကလေးအပေါ် အမေအရင်းလို ကောင်းနိုင်မှာလား! ရှင်က ကျွန်မ အပြစ်လုပ်ခဲ့တာကိုပဲမြင်တယ် အဲဒီပန်းပင်ကို အိမ်ထဲသွင်းလာခဲ့တဲ့ ရှင့်ညီကိုကျတော့ ဘာလို့အပြစ်မမြင်ရတာလဲ! သူသာ အဲဒီပန်းပင်ကို ယူမလာရင် ကျွန်မကရော လောဘတတ်မိမှာတဲ့လား! ပိုင်ကျန်း! ရှင်မသိသေးဘူးလား ရှင့်ညီကသာ တရားခံဆိုတာကို! သူက ကျွန်မတို့ကြားမှာသွေးခွဲနေတာ! သူကရှင့်ကလေးကို အမေမဲ့ဖြစ်စေချင်နေတာ! သူက ကျွန်မတို့မိသားစုကို ကွဲသွားစေချင်တာ!!"

"ပါးစပ်ပိတ်ထားစမ်း!!!"

မော့ဟွာသည် သူမသားနှစ်ယောက်ကြား သွေးခွဲနေသည်များကို ဆက်နားမထောင်နိုင်တော့ပေ။ သူမကချက်ခြင်း ထိုမိန်းမကို ပြေးရိုက်လိုက်ချင်ပါတယ်။

ကျိုးရှီက အအော်ခံလိုက်ရ၍ ခဏရပ်သွားခဲ့သော်လည်း သူမသည် အဆိပ်ခွက်ကို သူမပါးစပ်နှင့်ပိုကပ်လိုက်ပြီး ယုံကြည်မှုရှိစွာနှင့်...

"ရှင်လည်းအတူတူပဲ! ရှင်က ကျွန်မကို သဘောမကျတာနဲ့ ကျွန်မတို့ကိုခွဲဖို့လုပ်နေတာ! ရှင်လည်းအမေတစ်ယောက်ပါ ဘယ်လိုလုပ် အမေတစ်ယောက်ကသူရဲ့သားသမီးကို မွေးပြီးထဲက ခွဲခွာသွားရမယ်လို့ ပြောနိုင်ရတာလဲ! ကျွန်မ ကျွန်မရဲ့ကလေးနဲ့သာ မနေနိုင်ဘူးဆိုရင် ဒီနေ့မှာ ဒီနေရာမှာပဲ ကျွန်မကလေးနဲ့အတူ အဆိပ်သောက်ပြီး သေလိုက်တော့မယ်!"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now