🍁Part 22🍁

Depuis le début
                                    

Time Skip,

မာန် ရေချိုးပြီး အ၀တ်အစားလဲကာ ကုတင်ပေါ်တွင် တင်ထားသော ဖုန်းအားလှမ်းယူလိုက်သည်။contact name တွင်ပေါ်နေသော သော်တာဆိုသည့် နံပါတ်အား နှိပ်ကာ ဖုန်းခေါ်ဆိုလိုက်သည်။ ဖုန်းဝင်သံ ၃ ချက်လောက်မြည်ပြီးမှ တစ်ဖက်က ဖုန်းကိုင်သည်။

"Hello သော်တာ နိုးပြီလား"

"အင်း နိုးပြီ...ဘာလို့လဲ"

"ငါမင်းကို ပြောစရာရှိလို့"

"ပြောလေ"

"အပြင်မှာတွေ့ပြီး အေးဆေးပြောရအောင်ကွာ...၉နာရီခွဲရင် ငါတို့ဆုံနေကြဆိုင်ကိုလာခဲ့"

"အိုကေ...ဒါနဲ့လင်းသာကိုရော...ငါ ဂေဟာမှာ မဟုတ်ဘူး... သတင်းတစ်ခုကြောင့် ငါ့ဆရာနဲ့ ငါ အပြင်ရောက်နေတာ"

"အင်း လင်းသာကို ငါခေါ်လာခဲ့မယ်"

"အိုကေ... အဲ့ဆိုဒါပဲ မာန်"

"အင်း"

ဖုန်းပြောပြီးနောက် မာန် အခန်းတံခါးဖွင့်လိုက်ချိန် တွေ့လိုက်ရသော မျက်နှာချောချောလေးတစ်ခု။ T-shirt အမဲနဲ့ ဘောင်းဘီအရှည်အမဲကို အပေါ်အောက် နက်စွေးနေအာင် ၀တ်ထားသော ခွန်းဆက်။ လက်ဖျံတစ်လျှောက်တွင်လည်း စိမ်းပြာရောင်သွေးကြောများက ဖြူသောအသားအရည်ထက် အထင်းသား။

နဖူးပေါ်ဖွာကျနေသည့် ဆံပင်များက ခေါင်းလျှော်ထားခြင်း၏ သက်သေ။ အရင်ကလို နဖူးပေါ်လှန်တင်ထားခြင်းမရှိသည့် ယခုပုံစံလေးက ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ပမာ။ မျက်ခုံးထူထူများက မည်းနက်နေကာ မဟူရောင်မျက်ဝန်းများကလည်း ညို့ချက်ပြင်းသည်။ ထင်ရှားသိသာသည့် မေးရိုးကလည်း ခွန်းဆက်ကို ပိုမိုခံ့ညားနေစေသည်။

မာန် ခွန်းဆက်အား ကြည့်နေစဉ်မှာပင် 'မောင်' ဟူသော အသံကို ပြန်ကြားယောင်လာပြီး ရင်ထဲတွင် နတ်ဘုရားပွဲလှည့်နေတော့သည်။

ခွန်းဆက် သူ့အား မျက်တောင်မခတ်စတမ်းငေးမောနေသော မာန့်ကို ကြောင်အကာကြည့်နေမိသည်။ လူကို မမြင်ဖူးသည့်အတိုင်း စိုက်ကြည့်နေသောကြောင့် ခွန်းဆက် အနည်းငယ်ရှက်ရဲရဲပင် ဖြစ်လာသည်။ ခွန်းဆက်ကြည့်နေတုန်းမှာပင် မာန့်ပါးဖောင်းဖောင်းလေးနှစ်ဖက်နှင့် နားရွက်ထိပ်ကလေးများ တဖြည်းဖြည်းအရောင်ပြောင်းလာနေသည်ကိုတွေ့ရသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Où les histoires vivent. Découvrez maintenant