"သေချာလို့လား"

"အင်း သေချာတာမို့ လက်ကိုဖယ်ပေးပါ... ငါနားချင်နေပြီ"

တကယ် ပင်ပန်းနေသည့်ပုံနှင့် ပြောလာတာကြောင့် ခွန်းဆက်ပခုံးပေါ်မှ လက်ကိုဖယ်ပေးလိုက်သည်။

"အင်း... နားတော့နော်"

သူ့အား ဘာမှပြန်မပြောပဲ အခန်းတံခါးကို ပိတ်သွားသူကြောင့် ခွန်းဆက် သက်ပြင်းမောကို ချမိသည်။

"ဟင်းးး ခက်လိုက်တာ မာန်ရယ်...ခင်ဗျားနဲ့ ဦးငယ်ကြား ဘာတွေရှိလဲ ကျွန်တော်မသိပေမယ့် ဦးငယ်ဆီကနေ ခင်ဗျားကို ကာကွယ်ဖို့ ကျွန်တော်ကြိုးစားမှာပါ... ဘာလို့ဆို ခင်ဗျားရဲ့ မျက်ဝန်းတွေကို ကြည့်လိုက်တိုင်း အလင်းက ကျွန်တော့်ကို ကြည့်သလိုမျိုး ခံစားရတယ်...အလင်းကို မကာကွယ်နိုင်ခဲ့သမျှ ခင်ဗျားကို ကျွန်တော်ကာကွယ်ပေးပါ့မယ်... ဒါကြောင့် ကျွန်တော့်ဆီကနေ ထွက်သွားမယ့် စကားတွေကို ခင်ဗျားပြောမလာစေဖို့ ကျွန်တော်ဆုတောင်းမိပါရဲ့"

ခွန်းဆက် ခပ်တိုးတိုးရေရွတ်ရင်း သူ့အခန်းဆီသို့ လျှောက်လာသည်။ အလင်းသေဆုံးပြီဆိုသည့် စကားကြားပြီးထဲက သူ့ရင်ထဲ ကမ္ဘာ ပျက်နေခဲ့သည်မှာ ယနေ့အချိန်ထိပင်။ အပြင်ပန်းတွင် ဘာမှမဖြစ်သလို ဟန်ဆောင်ထားရပေမယ့် ရင်ထဲတွင် နှလုံးသားတစ်ခုလုံး ဓားနဲ့ အမွှန်းခံနေရသလို နာကျင်နေသည်ကိုတော့ သူတစ်ယောက်သာ သ်ိသည်။

"အလင်းရာ...အလင်း... မင်း ငါလာခေါ်တာတောင် မစောင့်ပဲ...ဘာလို့ အစောကြီးထွက်သွားရတာလဲ ကိုကိုရာ"

ကုတင်ပေါ်လှဲချရင်း နှုတ်မှ မချိတင်ကဲရေရွတ်မိသည်။ တင်းခံထားပေမယ့် စကားနားမထောင်သည့် မျက်ဝန်းများက မျက်ရည်များကို စီးဆင်းစေသည်။ ကုတင်ပေါ်တွင် ပခုံးများ သိမ့်သိမ့်တုန်အောင် ငိုကြွေးနေသောကောင်လေးတစ်ယောက်ရှိသလို တစ်ဖက်အခန်းတွင်လည်း စိတ်နဲ့ကိုယ်နဲ့ ကင်းကွာနေကာ အသိစိတ်လွတ်နေသော ကောင်လေးတစ်ယောက်လည်း ရှိလေသည်။

*********************************
The Next Morning,

မာန် တစ်ယောက် အစောကြီးနိုးနေသည်။ အစောကြီးနိုးသည်ဆိုတာထက် တစ်ညလုံးအိပ်မရတာ ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ တစ်ညလုံး တစ်ရေးမှ မာန်အိပ်မရခဲ့။ ခွန်းဆက်၏ 'မောင်သိတယ်... မောင်ရှိတယ်' ဆိုသည့်အသံသာ တစ်ချိန်လုံး ကြားယောင်နေမိသည်။ ထိုအသံသည် မာန့်ရင်ကို ပေါက်ကွဲစေနိုင်သော ချိန်ကိုက်ဗုံးတစ်လုံး ဖြစ်သည်။ မနေ့က ထိုအသံကြောင့် မာန် စိတ်နဲ့လူနဲ့ မကပ်ဖြစ်ခဲ့ရသည်။ ထိုသို့ဖြစ်နေသည်ကိုလည်း မာန် သူ့ကိုယ်သူ နားမလည်နိုင်။ သက်ပြင်းကိုရှိုက်ချကာ အတွေးများကို ခါထုတ်လိုက်ရင်း မျက်နှာသစ်ရေချိုးရန် ရေချိုးခန်းဆီသို့ သွားလိုက်တော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)حيث تعيش القصص. اكتشف الآن