အပိုင်း (၁၁၁)

Start from the beginning
                                    

"ရတာပေါ့ သမီးကိုယ်တိုင်ပေးလိုက်လေ"

ချောင်ချင်းချင်းက ပိုင်လီလက်မခံမှာကို စိုးရိမ်နေတာဖြစ်ပြီး ပိုင်လီခွင့်ပြုတော့ သူမလေးက အသေးလေးတွေကိုသွားပေးခဲ့ကာ ရှောင်ဖူနှင့်ရှောင်ဝူကလည်း သူတို့အဖေက ခွင့်ပြုထားတာကြောင့် လက်ကောက်လေးတွေကို လက်ခံခဲ့လိုက်ကျ၏။ သူတို့လေးတွေက ရွှေလက်ကောက်လေးတွေရဲ့ တန်ဖိုးကိုမသိပေမယ့် တောက်ပတဲ့အရောင်ရှိတာကြောင့် သဘောကျကျပြီး ချောင်ချင်းချင်းအား ကျေးဇူးတင်စကားပြောခဲ့ကျသည်။

"မမချင်းချင်း ကျေးဇူးတင်ပါတယ် သားက ဒီဘက်ကောက်လေးကို ကြိုက်တယ်"

"သားရောပဲ ဒါလေးကလှတယ် ကျေးဇူးတင်ပါတယ် မမချင်းချင်း"

ချောင်ချင်းချင်းမှာ ဤစကားလေးတွေ​ကြောင့် အလွန်ကျေနပ်သွားရတော့၏။ သူမက အမြဲကလေးလိုဆက်ဆံခံနေရပြီး အခုတော့ သူမကို အကြီးလိုဆက်ဆံမယ့် မိတ်ဆွေလေးတွေကိုရခဲ့ပါပြီ။

ထို့ကြောင့် သူမက ရှောင်ဖူနှင့်ရှောင်ဝူလေး၏ ပါးလေးတွေကို တစ်ချက်စီညှစ်လိုက်ပြီး...

"မမကိုမမေ့သွားကျနဲ့နော် နောက်ကျ မမအလည်ထပ်လာခဲ့မယ်"

အသေးလေးများသည် ထိုအမှာစကားကို ခေါင်းလေးတွေငြိမ့်ကာ လက်ခံခဲ့ကျပြီး ပိုင်လီက ဒီလူသေးသေးလေးတွေရဲ့ နုတ်ဆက်ခန်းကို ဝမ်းမနည်းစေချင်တာကြောင့် ချောင်ချင်းချင်းအားကြည့်၍....

"ကောင်းပြီ ချင်းချင်းရေ မီးပုံးပွဲတော်ကျရင် ဦးဦးတို့ သမီးတို့မြို့ကိုလာလည်မှာ အဲဒီအချိန်ကျရင်သမီးတို့တွေ တွေ့ရဦးမှာပဲလေ"

မီးပုံပွဲတော်ရောက်ဖို့ အနည်းငယ်လိုနေသေးသော်လည်း ဤသို့ တိကျသေချာသောရက်အား ကြားလိုက်ချိန်တွင် ချောင်ချင်းချင်းလေးက အလွန်ပျော်ရွှင်သွားခဲ့တော့သည်။ သူမလေးက ထခုန်လာပြီး....

"ဦးဦးပိုင် တကယ်ပြောတာလား!"

ပိုင်လီကခေါင်းငြိမ့်ပြတော့ သူမလေးက အသေးလေးတွေကိုဖက်၍...

"ဒါဆို မီးပုံပွဲတော်ကျမှပြန်တွေ့ကျမယ်! အဲဒီနေ့ကျရင် မမတို့မြို့မှာ မီးအိမ်လေးတွေ အများကြီးရှိနေမှာ မမကိုယ်တိုင် မင်းတို့ကိုလိုက်ပြပေးမယ်!"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now