🍁Part 20🍁

Começar do início
                                    

"နေနေ အန်တီမိုး... သားဗိုက်မဆာသေးဘူး... ခုဆင်းလာတာ ခြံထဲသွားထိုင်မလို့"

"အေး... သားလေး ဗိုက်ဆာရင် လာပြောနော်"

"ဟုတ်ကဲ့"

ခွန်းဆက် ခြံထဲဆင်းကာ ကံ့ကော်ပန်းပင် အောက်က ဒန်းဆီသို့ လျှောက်လာသည်။ ခွန်းဆက် ဒန်းတွင် ထိုင်လိုက်သည်နှင့် ခြေထောက်နားသို့ရောက်လာသော အဝါရောင်အရာလေး။ ခွန်းဆက်လည်း ကြောင်လေးအားချီကာ ပေါင်ပေါ်တင်လိုက်သည်။

"မင်း ဗိုက်ကြီး ဖောင်းကားနေတာပဲ ကြည့်စမ်း... ဘာလဲ ကလေးလေးတွေရှိနေတာလား... ပြောစမ်း ကလေးအဖေ ဘယ်သူလဲ"

"မြောင်"

"ဘာလဲ ဟိုဘက်ခြံက အကောင်လား... ငါသဘောမတူဘူးနော်... အဲ့ကောင်က မိန်းမရှုပ်တယ်... ဟိုတနေ့ကတောင် တစ်ခြားကြောင်မလေးနဲ့ သူခ်ျိန်းတွေ့နေတာ ငါတွေ့ခဲ့တယ်"

ခွန်းဆက် ကြောင်အားကြည့်ရင်း သူပဲမေး သူပဲဖြေကာ တစ်ယောက်တည်း စကားတွေပြောနေသည်။ ကြောင်လေးကလည်း ခွန်းဆက်ပြောနေသည်ကို နားလည်သည့်အလား အနောက်ကလိုက်ကာ အသံပေးသည်။

"မြောင်...မြောင်"

"မင်း မာန့်ကို ပါးပါးလို့ခေါ်တာလား"

"မြောင် မြောင်မြောင်"

"ငါ့ကိုလည်း daddy လို့ခေါ်ကြည့်...မင်းပါးပါးရဲ့ ယောက်ကျားဆိုတော့ မင်း daddy ပေါ့... ခေါ်ကြည့်စမ်း တစ်ခါလောက်"

"မြောင်"

"ဟမ်... ဘာပြောတာလဲ... မင်းပြောတာ ငါနားမလည်ဘူး... လူနားလည်အောင် ပြော"

"မြောင်"

"ကျစ်! တစ်မြောင်မြောင်နဲ့"

Ringing......

"မင်းမှာ အစွမ်းများရှိနေလားဟမ်... ငါမင်းကို ချီလိုက်တိုင်း ဖုန်းကအမြဲလာတယ်"

ခွန်းဆက် ကြောင်အားပြောလိုက်ရင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။ contact name တွင်တွေ့လိုက်ရသော နာမည်ကြောင့် ခွန်းဆက် ဖုန်းကို မကိုင်ချင်ပဲ ကိုင်လိုက်ရတော့သည်။

"Hello father ကြီး"

"ဟေ့ကောင်... ငါစကားအကောင်းပြောမလို့ မနောက်နဲ့"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Onde as histórias ganham vida. Descobre agora