အပိုင်း (၃၃၁) အဖွဲ့လိုက်ဓာတ်ပုံထဲမှာ အချိုတွေကျွေးမယ်

शुरू से प्रारंभ करें:
                                    

ချင်မော့သည် သူမ၏ဖုန်းကို ယူထားဆဲ။  သူ့လက်ချောင်းများသည် ဖုန်းပေါ်တွင်ရွေ့ရှားနေရင်း သူသည် သူမကို တစ်ချက်ကြည့်လိုက်လေသည်။

“ ဒီတော့ မင်းက ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်ပေါ့”

“အစ်ကိုမော့ရဲ့ အိပ်နေတဲ့ပုံစံက ကြည့်ရုံနဲ့တင် သိပ်ခံ့ညားနေတာလေ၊ ဒါက ဒီအတိုင်း အမှတ်ရနေမဲ့ အခိုက်အတန့်လေးဖြစ်သွားတာ”

ဖူကျို့သည် စိတ်အားထက်သန်စွာပြုံးလိုက်လေသည်။

“ဒါက ငါလေးရဲ့ ပထမဆုံးအကြိမ် လူအများကြီးနဲ့ ပြိုင်ပွဲဝင်ရတာလေ ပြီးတော့ သူငယ်ချင်းကောင်းနဲ့လဲ ဟိုတယ်တစ်ခုထဲမှာ အိပ်ခွင့်ရတာ၊ ဒီလိုမနက်ခင်းမျိုးမှာ နိုးထလာရတာက အရမ်းကို အံ့ဩစရာကောင်းပြီး အမှတ်တရဖြစ်တယ်လေ”

ကောင်လေးပြောလိုက်သည့် စကားကိုနားထောင်လိုက်ပြီးနောက် ချင်မော့သည် သူ၏သွယ်လျလျ လက်ချောင်းများကို ဖြေလိုက်ပြီးနောက် သူ့ကို ဖမ်းဆွဲလိုက်တော့သည်။

နှစ်ယောက်သားသည်  နောက်သို့လှန်ကျသွားပြီး အိပ်ရာထက်သို့ အတူတကွ လဲကျသွားတော့သည်။

ဖူကျို့သည် ကြီးမြတ်လှသည့်သခင်လေး၏ ဤကဲ့သို့ ရွှေ့ကွက်များကို လုံးဝမျှော်လင့်မထားခဲ့ချေ။

ကြီးမြတ်လှသည့်သခင်လေး၏ တုံ့ပြန်မှုတစ်ခုစီတိုင်းသည် သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်နေတော့သည်။ သို့နှင့် သူမ၏ခန္ဓာကိုယ်သည် အိပ်ရာထက်သို့ လဲကျသွားချိန်တွင် ကြိုတင်ပြင်ဆင်မထားသည့် အခိုက်အတန့်တွင် ပိတ်မိသွားတော့သည်။

သို့သော်ငြား သူမသည် ကြီးမြတ်သည့်သခင်လေး၏ ဖုန်းကိုင်ထားသော ဘယ်ဖက်လက်က မြောက်လာသည်ကိုသာ မြင်လိုက်ရပြီး သူ့ပခုံးနှင့် သူမ၏ခေါင်းကိုဖိထားရင်း သူ့ညာဖက်လက်သည် သူမ၏ဆံပင်များကို သပ်ပေးလိုက်လေသည်။

ထို့နောက်တွင် သူမသည် တစ်ချပ်ချပ် မြည်သံကို ကြားလိုက်ရတော့သည်။ ကြီးမြတ်လှသည့် သခင်လေး၏ပခုံးနှင့် ယှဥ်လျက် သူမ၏မျက်နှာသည် ဖုန်းပေါ်တွင် အောင်အောင်မြင်မြင် ထွက်ပေါ်လာ၏။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2जहाँ कहानियाँ रहती हैं। अभी खोजें