အပိုင်း (၁၁၀)

Start from the beginning
                                    

ချောင်မိသားစုသည် ဆိပ်ကမ်းမြို့တွင်တည်ရှိပြီး ချောင်ရန်မှာလည်း အစားအသောက်ကြိုက်သူတစ်ယောက်ဖြစ်သဖြင့် အစားသောက်နှင့်ပတ်သတ်လျှင် ဆိပ်ကမ်းမြို့က အကောင်းဆုံးဟင်းများကိုပင် မြည်းစမ်းဖူးခဲ့ကျသည်။

ဒါပေမယ့် ပိုင်လီရဲ့အိမ်က ရိုးရှင်းတဲ့ဟင်းတွေက သူတို့စားဖူးခဲ့တဲ့ဟင်းတွေထက် တစ်မျိုးထူးခြားပြီး စားကောင်းနေတယ်လို့ ထင်မြင်ခဲ့ကျပါတယ်။

ပိုင်လီကလည်း ဒါက ဘာကြောင့်လဲဆိုတာကို သိသည်ပင်။

ဘာကြောင့်လဲဆိုတော့ ဆိပ်ကမ်းမြို့သည် နန်ချောင်းရွာလို ဆင်းရဲနွမ်းပါးမှုကြောင့် ဆားကိုအနည်းငယ်သာသုံးကာ စျေးကြီးလှသော ဆီကုန်မည်စိုးကျ၍လည်း ​အများစုကို ပြုတ်၍သာစားကျသော လယ်သမားရွာလေးတွေနှင့် ယှဥ်ပါလျှင် စားစရာများ၌ ပို၍ ကောင်းမွန်ကျပေမယ့် ပိုင်လီ၏ဟင်းများမှာ ပိုင်လီ တောထဲကတွေ့လာသည့် ဟင်းခက်အမွှေးကြိုင်ပင်များကို သုံးထားခဲ့တာဖြစ်သည်။ ဒါကကွာခြားမှုကြီးကြီးတော့ မဟုတ်ပေမယ့် အနည်းငယ်တော့သိသာပါတယ်။ အထူးသဖြင့် အသားဟင်းတွေမှာဆိုရင် ညှီတဲ့အနံ့တွေပျောက်သွား၍ တခြားဟင်းတွေကလည်း ပိုမွှေးလာကာ အားလူးလိုဟင်းသီးဟင်းရွက်မျိုးဆိုရင် ဘယ်သူမှ စားစရာမှန်းမသိကျသေးလို့ မစိုက်ပျိုးသေးကျဘူးလေ။

ဒါကြောင့် ချောင်မိသားစုက သူ့အိမ်ကဟင်းများကို ကောင်းမွန်သည်ဟု ထင်နေသည်မှာ မထူးဆန်းပါချေ။

ရှောင်ဟန်ကတော့ ဒီချီးကျူးစကားတွေအတွက် ရှက်ရွံ့နေပြီး ဒါက သူချက်ထားတာမဟုတ်လို့ ငြင်းချင်နေကာ သူက သူ့ခင်ပွန်းကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။ အကယ်၍ ရှောင်ဟန်က ဒီဟင်းတွေက သူ့ခင်ပွန်းကသာ အမှန်တကယ် ချက်ပြုတ်သူပါဟု ပြောလိုက်လျှင် အမျိုးသမီးတွေနဲ့ ကောတွေသာလုပ်ရတဲ့ ချက်ပြုတ်ခြင်းကိုလုပ်ခဲ့တဲ့အတွက် ချောင်မိသားစုရှေ့တွင် သူ့ခင်ပွန်းရဲ့ သိက္ခာထိခိုက်မည်ကိုလည်း စိုးရိမ်ရသေး၏။

ဒါပေမယ့် သူက သူမလုပ်ထားတဲ့ အလုပ်တစ်ခုအတွက် နာမည်ကောင်းဝင်ယူရမှာကိုလည်း ရှက်ရွံ့တာကြောင့် သူပြောလိုက်လို့ရမလားကို သူခင်ပွန်းကိုအကြည့်နှင့် မေးလိုက်ပေမယ့် ထိုလူသည် သူ့ကိုမသိမသာနှင့် ခေါင်းရမ်းပြလာခဲ့တာဖြစ်သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now