အပိုင်း (၁၀၉)

Start from the beginning
                                    

ပိုင်လီက ပိုင်အမေအား မတားသည်မှာ ပိုင်အမေပြောသကဲ့သို့ ဒီနေ့ စပျစ်သီးချေတဲ့လူတိုင်းက လက်နာနေကျမှာ ဖြစ်၍ပင်။ လိမ်းဆေးနည်းနည်လောက်လိမ်း လိုက်ကျတာက ပိုကောင်းပါတယ်။

မော့ဟွာနောက်သို့ ပိုင်မိန်က အဖော်လိုက်သွားချိန်တွင် လူသေးသေးလေးသုံးယောက်ကလည်း အတွဲလိုက်လေး ပါသွားခဲ့ကျလေသည်။ သူတို့လေးတွေက သုံးယောက်ပေါင်းပြီး အရမ်းတတ်ကြွနေကျတာက အံသြစရာပါပဲ။

ပိုင်လီက လက်ဆေးပြီးနောက် လူစုရှိရာထံသို့ပြန်လာခဲ့ပြီး ချောင်ရန်တို့မိသားစုကို အားနာစွာကြည့်ကာဖြင့်....

"အကိုကြီးချောင်နဲ့ မရီးတို့ကို အားနာစရာတွေဖြစ်ကုန်ပြီ အဲဒါက တော်တော်လေးနာတယ်မလား ကျွန်တော့်အမှားပါ စောစောရပ်ဖို့ သတိပေးလိုက်ရမှာ"

ဒါကိုကြားတော့ ဟုန်ရင်းသည် ရယ်လာပြီး...

"မင်းဘာပြောတာလဲ ငါက အစောကြီးနားလိုက်တဲ့သူပါ နည်းနည်းနာလာတာနဲ့ ခဏနားမယ်ဆိုပြီး ထွက်လိုက်တာ နောက်ကျပြန်မဝင်ဖြစ်တော့ဘူး ကြည့်လေ ငါ့လက်တွေက အကောင်းတိုင်းပဲ"

အမှန်ပင် ဟုန်ရင်းနှင့် ချောင်လုပိုင်က အသက်သာဆုံးလူများ ဖြစ်သွားခဲ့ကျသည်။ သူတို့က နည်းနည်းလေးနာလာတာနဲ့ ထွက်သွားတော့ သိပ်မခံစားကျရတော့ပါဘူး။

ချောင်ရန်သည် ရေနွေငှဲ့နေသည့် သူ့ဇနီး၏ လက်ချောင်းများကိုကြည့်ကာ ထိုလက်ချောင်းများက နာကျင်နေပုံမရဘဲ ပုံမှန်လိုသာ လှုပ်ရှားနေသဖြင့် သူက သူ၏ အနည်းငယ်ဖောင်းချင်နေသောလက်ချောင်းများကို ငုံ့ကြည့်၍ ငိုချင်သွားခဲ့တော့သည်။ လက်ရေဆေးပြီးနောက် ရေသုတ်နေတဲ့ပိုင်လီရဲ့လက်ကိုလည်း သူမြင်လိုက်သေးပြီး အဲတာက ပုံမှန်လိုပဲဖြစ်နေကာ သူတစ်ယောက်ထဲလက်ချောင်းများယောင်လာသလိုပင် ဖြစ်နေခဲ့သည်။ မိန်းကလေးဖြစ်တဲ့ ပိုင်မိန်တောင် သူ့လောက်မဆိုးဘူးလေ။

မာနထိခိုက်လိုက်တာ!

ပိုင်လီသည် စပျစ်သီးရေများကြောင့် ချောင်ရန်၏ ခရမ်းနုယောင်သမ်းနေသောလက်ကို လှမ်းကြည့်လိုက်ကာ ရယ်လျက်ဖြင့်...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now