အပိုင်း (၃၂၇) ကြံရာပါ

Start from the beginning
                                    

သို့ရာတွင် အဓိပ္ပာယ်အမဲ့ဆုံးကိစ္စကို လူတစ်ယောက်က သယ်လာတော့သည်။

Spade Zဖန်ဟုဆိုသော တစ်စုံတစ်ယောက်သည် ထွက်ပေါ်လာပြီး ပြောလိုက်တော့သည်။

“အားလုံး ဆောရီးနော်၊ ငါ့Spadeကြီးက သိပ် နမော်နမဲ့နိုင်တာပဲ၊ ဒီကိစ္စက ချင်မော့ဖန်တွေကို ဒီလောက်ဒုက္ခရောက်သွားစေခဲ့တယ်ဆိုတာ အခုမှ သိလိုက်လို့၊ ဒီကိစ္စနဲ့ပတ်သက်ပြီး Spade Zဖန်တွေကို နောက်မှ ပညာပေးလိုက်ပါနော် ကတိပေးတယ်”

လူတစ်ယောက်သည် သည်Spade Zဖန်ကို ချက်ချင်း ပြန်ဖြေလိုက်လေသည်။

“ စိတ်မပူပါနဲ့ ဟန်နီ၊ ဖြစ်စဥ်တစ်ခုလုံးကို နားလည်ပေးလို့ ကျေးဇူးနော် XOXO”

ထိုမှတ်ချက်ကို မြင်လိုက်ပြီးနောက် Spade Zဖန်အားလုံးသည် ဒေါသမီး တောက်လောက်သွားတော့သည်။

ဘာဖြစ်နေတာလဲ။

သူတို့ရဲ့Spade ကြီးက တောင်းပန်ဖို့ ဘာကိုအာမခံပေးရမှာလဲ။

ထိုလူသည် လုံးဝစဥ်းလဲသည့်သူ ဖြစ်လေသည်။ သူသည် အလွန်ကောက်ကျစ်ပြီး သူအရွယ်နှင့် မလိုက်အောင် အမြင်ကျဥ်းလွန်းလေသည်။

“ ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ တစ်ခုတော့ ရှင်းအောင်ပြောပါရစေ၊ ငါလဲ Spade Zကို အရမ်းကြိုက်ပါတယ် ဒါပေမဲ့ သူ ကြီးမြတ်လှတဲ့သခင်လေးကို တစ်ချိန်လုံး သွားပတ်သက်ပြီး ဖက်တွယ်နေဖို့မလိုဘူးလေ”

“ဟုတ်တယ် မှန်တယ်”

အစ်မလိပ်ကလေးသည် Spade Zဖန်အချို့မှာ ကြံရာပါများလုပ်နေပြီး တစ်ဖက်ကို မျက်နှာလို မျက်နှာရ လုပ်နေကြသည်ကို သဘောပေါက်သွားတော့သည်။ သို့နှင့် သူမသည် တွေ့ဆုံပွဲကို ချက်ချင်းရပ်လိုက်ပြီး သူမ၏အတွေးကို Weiboပေါ်တွင် ထုတ်ပြောလိုက်တော့သည်။

ဒီပုံကို သူတို့ရဲ့Spadeကြီး ရိုက်ခဲ့တာမဟုတ်ဘူးလို့ သူတို့ပြောခဲ့တယ်မလား။

အစ်မလိပ်ကလေးသည် ချင်မော့၏Weiboပိုစ့်တွင်  Spade Zကိုမန်းရှင်းကာ ထပ်ရှယ်လိုက်ပြီး ရေးသား ထားလိုက်သည်။

“Spade ကြီးရေ နောက်တစ်ခါ ဓာတ်ပုံရိုက်ရင် ကျေးဇူးပြုပြီး ဒီထပ်ပိုသိထားပါနော်၊ ဒီကလေးကတော့လေ၊ နင်ရဲ့ လက်စွပ်နဲ့ တုတ်ထိုးချိုချဥ်ကို ပုံထဲကဖြတ်ထုတ်ဖို့ မေ့ခဲ့ရတယ်လို့၊ ဒီသဲလွန်စတွေက ဒီထက်ပိုသိသာလို့ မဖြစ်တော့ဘူးနော်....”

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now