အပိုင်း (၁၀၅)

Start from the beginning
                                    

သူတို့က ဝမ်မိသားစုနဲ့ တစ်ရွာတည်းမလို့ တစ်အိမ်ရဲ့တည်ရှိမှုကို တစ်အိမ်က သိကျတယ်ဆိုရင်တောင် မရင်းနှီးကျဘဲ ဘာအပေးအယူမှတောင် ရှိဘူးတာ မဟုတ်ပါဘူး။ ပိုင်လီက နေရာတကာမှာ သဘောမကောင်းနိုင်ဘူးလေ။ သူက ဝမ်ရူရဲ့သေဆုံးခြင်းကို အားနာစိတ်ဝင်မိတဲ့အတွက် သူ့(ဝမ်ရူ)မိသားစုက အခက်ခဲဖြစ်နေတယ်ဆိုလို့ အလုပ်ပေးထားခဲ့ပေမယ့် အလှူတော့မလုပ်နိုင်ပါဘူး။ သူဝမ်မိသားစုကို ပေးထားတဲ့ လုပ်အားခက ရွာထဲက ဘယ်အလုပ်မဆိုထက်များနေပြီးသားဖြစ်တဲ့အပြင် ဝမ်မိသားစုမှာက ရည်ရွယ်ချက်တွေကရှိနေသေးတယ်။

အကယ်၍ ပိုင်လီက သူတို့သဘောအတိုင်း အားနာပြီးခွင့်ပြုလိုက်ရင် သူတို့က တစ်ဆင့်တတ်ပြီး တွေးမိကျလိမ့်မယ်။ သူ(ပိုင်လီ)က သူတို့ကို မျက်နှာသာပေးတယ်လို့ပေါ့။ ဒါကြောင့် ရှေ့လျောက်ပိုအတင့်ရဲလာပြီး အဲတာက ရှောင်ဟန်ကို စိတ်အနှောက်ယှက်ဖြစ်စရာ အတွေးတွေဝင်လာစေပါလိမ့်မယ်။

ပိုင်လီက အကျိုးဆက်တွေကို တွေးအပြီးမှာ လုံးဝမဖြစ်ဘူးဆိုတဲ့ အဖြေကိုသာ တွေ့ရှိခဲ့သဖြင့် သူက...

"အိုး...ငါတို့ ဒီတစ်ခေါက်စပျစ်သီးတွေကို လုပ်စရာရှိလို့ ရောင်းမှာမဟုတ်ဘူး အကယ်၍ မင်းတို့လိုချင်ရင် နောက်တစ်သုတ် အသီးတွေကျမှသာ ဝယ်လိုက်ပါ ခြံကအလုပ်သမားတွေအတွက် ငါစျေးနည်းနည်းလျော့ပေးမယ်"

အဲဒီနောက် ပိုင်လီသည် ဝမ်လေပြောတာကို မစောင့်တော့ဘဲ ရှောင်ဟန်လက်အားဆွဲပြီးနောက် ထွက်သွားခဲ့လေသည်။

သူတို့က ဝယ်ဖို့ပြောနေတာမဟုတ်ကြောင်း ပြန်ပြောဖို့ပြင်နေသည့် ဝမ်လေမှာတော့ ပိုင်လီက ရှောင်ဟန်အားဆွဲခေါ်သွားရင်း ပြောခဲ့သည့် စကားကို ကြားခဲ့ရသေးကာ..

"အိမ်ပြန်ကျစို့ ကိုယ်နည်းနည်းဗိုက်ဆာနေပြီ" ဟူ၍ပင်။

ဝမ်လေမှာ ပိုင်လီက တမင်သူ့ကို ငြင်းသွားသည်လား ဒါမှမဟုတ် တကယ်ပဲ သူက ဝယ်ဖို့အကြောင်း ပြောနေသည်ဟု ထင်သွားသည်လားကို ဝေခွဲမရဖြစ်စွာနှင့် ထွက်ခွာသွားသော လူနှစ်ယောက်ကို ငေးကြည့်နေမိခဲ့သည်။ ထိုလူနှစ်ယောက် သိပ်ဝေးဝေးမရောက်ခင်မှာ ကောသေးသေးလေးနှစ်ယောက်က သူတို့နဲ့ပူးပေါင်းခဲ့ကျပြီး သူတို့က အရမ်းကိုသဟဇာတဖြစ်ပြီး ပျော်ရွှင်နွေးထွေးမှုအပြည့်ရှိတဲ့မိသားစုလေးလိုမျိုးပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now