အပိုင်း (၃၁၈) မှတ်ဉာဏ်လမ်းကြောင်းပေါ်သို့ ခရီးထွက်ခြင်း

Começar do início
                                    

“ဒါ- ဒါပေမဲ့ ငါတို့ ရထားတဲ့သတင်းအရတော့....”

ရဲများသည် တစ်ခုခုကို ပြောချင်နေလေသည်။

ထိုလူသည် ခပ်တိုးတိုးရယ်လိုက်သည်။

“ဟင်း အင်းလေ မင်းတို့ရဲ့အဲဒီသတင်းကပဲ ဇီးရိုးကို တစ်နှစ်ခွဲလုံးလုံး လုပ်ချင်တိုင်းလုပ်နိုင်အောင် လွတ်ပေးထားတာ”

ရဲများ : “...” F ငှားထားတဲ့ ဒီတရုတ်လူမျိုးက ဘာလို့ ပြောရဆိုရခက်ပါလိမ့်နော်။ သူတို့က သူ့ကိုပြန်မငြင်းနိုင်ဘူးဆိုပြီးတော့ သူတို့ကို အနိုင်ကျင့်နေတာလေ ဟုတ်တယ်မလား။

သူသာ ငါလေးကို လာဖမ်းတာ မဟုတ်ရင် တကယ်ပဲ လက်မထောင်ပြမိလိုက်မှာပဲ။ အဲဒီရဲတွေ အံကြိတ်ထားရတဲ့အသံကိုတောင်  ကြားနေရတယ်။

ဒါပေမဲ့ အဲဒီလူက ငါလေးကို လာဖမ်းတာဆိုတော့... ဒါက နောက်အကြောင်းအရာတစ်ခုဖြစ်သွားပြီ။

ငါလေးက ရန်သူနဲ့ မိတ်ဆွေကိုတော့ ခွဲခြားတတ်ပါသေးတယ်နော်။

သူမသည် ထိုလူ၏ဉာဏ်ရည်ကို အမှန်တကယ်လေးစားအားကျသော်လည်း ထိုဉာဏ်ကောင်းမှုသည် သူမအတွက် ကောင်းခြင်းမဟုတ်ပေ။

သူမသည် ဤမျှလောက်ကိုင်တွယ်ရခက်ခဲသည့်သူမျိုးကို မတွေ့ဖူးချေ။ သူမတို့ ပထမဆုံး တွေ့ဆုံခြင်းမှာတင် သူသည် သူမ၏လမ်းကို ပိတ်ဆို့ပြီးဖြစ်နေလေသည်။

အဲလူဘယ်ကတည်းက အမေရိကားကို ရောက်နေတာလဲ။ ငါလေး သူ့သတင်းလဲ ဘာမှမကြားမိပါဘူး။

ဒါပေမဲ့ ငါလေးတို့က အမေရိကားမှာပဲ ရှိသေးတာလေနော်။ ပြီးတော့ ဒါက ငါ့နယ်မြေလေ။ ဒီတော့ ငါလေးရဲ့မြေပေါ်မှာ အပြင်လူတစ်ယောက်က ငါလေးကို ဘယ်လိုဖမ်းလို့ရမှာလဲ။

သူမတွင် အရာအားလုံးအတွက် အစီအစဥ် နှစ်ခုရှိပြီးသားဖြစ်သည်။ သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဆောင်လိုက်ပြီး ညာဘက်လက်ကိုမြောက်ကာ ပြောလိုက်လေသည်။

“ စမစ် ဒါဘာလဲဆိုတာ မှတ်မိတယ်မလား”

စမစ်သည် ၅လမ်းမကြီးတွင် တာဝန်ကျနေသူဖြစ်ပြီး Z၏လက်ထဲမှ ပစ္စည်းကို မြင်လိုက်သောအခါ သူ့မျက်နှာထားမှာ ၁၈၀ဒီဂရီလောက် ရှုံ့မဲ့သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Onde histórias criam vida. Descubra agora