အပိုင်း (၃၁၇) ဖူကျို့ရဲ့မှတ်ဉာဏ်တွေ ပြန်ရသွားပြီ...

Start from the beginning
                                    

နောက်ဆုံးတွင် ကြီးမြတ်လှသည့်သခင်လေးက ဤမျှလောက် တည်ငြိမ်နေရာသည့်အကြောင်းကလည်း ရှိလေသည်။

သို့သော် သူသည် အလုံးစုံသိမ်မွေ့နူးညံ့နေတာတော့ မဟုတ်ပေ။

ထိုအစား သူသည် ထို့ထက်ပိုသည်ဟုပြောနိုင်သော်လည်း သူမသည် ဖော်မပြတတ်ချေ။

သို့သော် ချင်မော့သည် ဖူကျို့ဆီမှ အာရုံပြောင်းလိုက်ပြီး ထိုလူများကို သူ့ကိုတိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ပေးလိုက်လေသည်။

ချင်မောသည် ဇယားလာရှုပ်၍ရသောသူ မဟုတ်ပေ။ သူသည် ကောင်လေးကို လက်တစ်ဖက်နှင့် ဘေးသို့ ဆွဲလိုက်ပြီးနောက် သူ့ဆီပြေးလာကြသော ဂိုဏ်းစတားများကို တစ်ယောက်ပြီးတစ်ယောက် ရက်စက်သော ကန်ချက်ဖြင့် ကြမ်းပြင်ပေါ်သို့ ကန်ထုတ်လိုက်လေသည်။

သူ့ဂျာကင်အင်္ကျီသည် သူ့လှုပ်ရှားမှုနှင့်အတူ လေပြင်းတစ်ခုကိုဖန်တီးနေပြီး မယုံနိုင်လောက်အောင် လွှမ်းမိုးလွန်းသည့်ဟန် ဖြစ်နေတော့သည်။

သူသည် သူ့ကို တိုက်ခိုက်လာသည့်လူအားလုံးကို သူ့တည်ရှိမှုသက်သက်နှင့်ပင် ရပ်တန့်သွားစေလေသည်။

အထူးသဖြင့် ဖူကျို့၏သေလုမျောပါး ရိုက်ခံလိုက်ရသည့် သူထဲမှ ထိုကောင်ဖြစ်သည်။

သူတို့သည် အရမ်းကာရော ထပ်မလုပ်ရဲတော့ချေ။

ထိုတစ်ချိန်လုံးတွင် ဖူကျို့၏မျက်လုံးများသည် ဖုံးအုပ်ခံထားရသဖြင့် သူမသည် ဘာကိုမှ မမြင်ရချေ။ သူမသည် အသံကိုသာကြားရလေ။

စာပွဲသည် လုံးဝပျက်စီးသွားပြီး ဖန်ကွဲစများသည်လည်း ကြမ်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲနေသည်။

ကြီးမြတ်လှသည့်သခင်လေးက သူမမျက်လုံးမှ သူ့လက်များကိုဖယ်လိုက်သောအခါ လူတချို့မှာ ကြမ်းပြင်ပေါ်တွင် လဲနေပြီး ကျန်လူများသည် ထွက်ပြေးသွားသည်ကို မြင်လိုက်သည်။ ဂျွန်ကို၏မျက်နှာပေါ်တွင် သွေးရောင်များ မရှိတော့ချေ။

ဖူကျို့က သူမကို ကြည့်နေသည်ကို မြင်သွားသောအခါ လန့်ဖျပ်သွားပြီး အလွန်ကြောက်လန့်သွားကာ ချက်ချင်းပြေးထွက်သွားတော့သည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now