"ငါစားမလို့လေ.."

ပိုင်မိန်သည် ကလေးများနှင့်အတူ ကျွဲအိမ်သို့သွားနေခဲ့ပြီး ခုမှပြန်ရောက်လာတာဖြစ်၍ ဘာမှမသိလိုက်ပေ။ သူမလေးက ဒါကို စျေးကြီးတဲ့စပျစ်သီးတွေလို့ပဲထင်နေတာကြောင့်....

"ဒီလိုမှန်းသိသားပဲ! ကြည့်ဦး နင်စားလိုက်တာတစ်ဝက်တောင်ကုန်သွားပြီ မစားနဲ့တော့ ဒီအသီးတွေက ဘယ်လောက်စျေးကြီးလဲသိရဲ့လား!"

ပိုင်မိန်မှာ စကားဆုံးသည်နှင့် သူ၏လက်ထဲကစပျစ်ခိုင်လေးအား လာလုသဖြင့် ကျန်းချင်က အမြန်ရှောင်လိုက်ပြီး ဆံထုံးလေးနှစ်ခုနှင့် ကလေးမလေးအားကြည့်လိုက်၏။ ဒီကောင်မလေးက သူ့ထက်သုံးနှစ်လောက်ငယ်ပေမယ့် သူ့ကိုလုံးဝမလေးဘူး ကြည့်စမ်း....

"ဝေ့ ဒါက စားထားတာမဟုတ်ဘူး ဒီအခိုင်ကိုက ဒီလောက်ပဲရှိတာ ပြီးတော့ မင်းရဲ့ဒုတိယအကိုက ငါ့ကိုစားကြည့်ခိုင်းထားတာလေ ခြံရဲ့တာဝန်ခံက ခြံကထွက်တဲ့ အသီးရဲ့အရသာကို သိသင့်တယ်တဲ့ မင်းဘာလို့သူ့ကိုသွားမမေးတာလဲ"

ပိုင်မိန်သည် ဤစကားများကို ရှင်းလင်းစွာကြားသော်လည်း လက်မခံချင်ပေ။ သူမလေးက ဒီစပျစ်ခိုင်က နဂိုသေးတယ်ဆိုတာကိုမယုံပဲ သူမအကိုရဲ့ခြံကထွက်တဲ့ ပထမဆုံးအသီးတွေကို သူမတောင်မစားရသေးခင် အပြင်လူစားပြီးသွားတာကို လက်မခံချင်ပါဘူး။ ဒါကြောင့် သူမလေးက....

"မဖြစ်နိုင်ဘူး! မျက်လုံးနဲ့ တစ်ချက်ဝေ့ကြည့်လိုက်ရင်တောင် စပျစ်ခိုင်တွေအကုန်လုံးက အတူတူပဲဆိုတာသိနိုင်တယ် ဘယ်လိုလုပ်နင့် လက်ထဲကဟာကမှ သေးတယ်ဖြစ်သွားရမှာလဲ! နင်တစ်ဝက်ကို စားလိုက်တာပဲဖြစ်မှာပေါ့! ခြံပိုင်ရှင်ရဲ့ညီမကတောင် မစားရသေးတာကို ဘယ်လိုလုပ် နင့်လိုခြံစောင့်က စားရတာလဲ! အဲဒါကိုပြန်ပေး ဆက်မစားနဲ့တော့!!"

ကျန်းချင်သည် ထပ်မံလာလုသည့်လက်ကို ထပ်ရှောင်လိုက်ကာ ခြေလှမ်းအနည်းငယ်လည်း ဆုတ်လိုက်သေးသည်။ သူက ပိုင်လီပြောထားတာကြောင့်စပျစ်သီးရဲ့အရသာကို မြည်းကိုမြည်းကြည့်ရပါမယ်။ ဒါက တာဝန်ခံတစ်ယောက်ရဲ့ တာဝန်လို့သတ်မှတ်ထားတာကြောင့်ပဲ။ ဒါပေမယ့် ဒီအခိုင်ကိုပိုင်မိန်ကိုပေးလိုက်ရင် နောက်ထပ် သေးတဲ့အခိုင်ကို ရှာမရနိုင်တော့လို့ သူက မပေးလိုက်နိုင်ပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now