အပိုင်း (၃၁၂) ကြီးမြတ်လှတဲ့သခင်လေးရဲ့ညက လေလံရောင်းထွက်သွားပြီလား

En başından başla
                                    

ချင်မော့နှင့် ညှိနေသောမိန်းကလေးက ပြောလိုက်သည်။

“ ကောင်ချောလေး ငါ နင့်အစ်ကိုကြီးကို ငွေထက် တခြားဟာတွေလဲ ပေးနိုင်ပါတယ် _ အသုံးအဆောင်တွေလား၊ နင် ပွဲဦးမထွက်ရသေးဘူးမလား၊ ငါ နင်တို့တွေကို နာမည်ကြီးရသစုံအစီအစဥ်မှာ ပါလို့ရအောင်လုပ်ပြီး နင်တို့ကို လူတိုင်းသိသွားအောင် ကူညီပေးနိုင်တယ် “

“ဒါပေမဲ့ နင့်အစ်ကိုကြီးက င့ါကို အနမ်းလေးတစ်ခု မပေးဘူး”

ထိုမိန်းမလှလေးသည်  ရှင်ဘာလို့ ဒီလောက် အေးတိအေးစက်နိုင်ရတာလဲ ဟုပြောနေသယောင်နှင့် ချင်မော့ကို ကြည့်လိုက်သည်။

ဖူကျို့သည် ပြန်ထိုင်ချလိုက်ပြီး လေချွန်နေလိုက်သည်။ သူမ၏ခေါင်းကို လှည့်ကာ ကြီးမြတ်လှသည့် သခင်လေးကို ကြည့်လိုက်သည်။

“အစ်ကိုမော့ အခုဆိုရင် နင့် အနမ်းက တီဗွီပေါ်မှာ ပါလာလောက်အောင် တန်သွားပြီလား”

သူမသည် သူ့ကို နည်းနည်းလောက် စနောက်ရန် ပြင်လိုက်သည်။

ဒါပေမဲ့... နင်တို့တွေ ကြီးမြတ်လှတဲ့သခင်လေးကို သိကြတယ်မလား...

ချင်မော့သည် သူ့လက်ချောင်းများကြားတွင် စီးကရက်ကို ကိုင်ထားပြီး သူမျက်လုံးများသည် အနည်းငယ်ကြည်လင်နေပုံ ထင်ရသည်။ သူသည် ထူးမခြားနားလေသံနှင့် ပြောလိုက်လေသည်။

“တစ်ယောက်ယောက်က ငါနဲ့အိပ်ဖို့ ဆယ်သန်းတောင် ဈေးပြိုင်ပေးထားတာ၊ တီဗွီအစီအစဥ်က ဘာအရေးလဲ”

“ဆယ်သန်း တဲ့လား”

ထိုမိန်းမလှလေးသည် အကြီးအကျယ် မျက်မှောင်ကျုံ့သွားတော့သည်။

ဒီလူ အဲလောက် မောက်မာနေတာလဲ မဆန်းပါဘူး သူမ,ပေးတဲ့ဈေးက အရမ်းနည်းနေတာကိုး။

ဒီလောက်ချမ်းသာတဲ့သူက ဘယ်သူများဖြစ်မလဲ

တစ်စုံတစ်ယောက်နဲ့ အိပ်ဖို့ ဆယ်သန်းတောင် ဈေးပေးတယ် ၊ အဲလူ ရူးများနေတာလား

ဖူကျို့မှာ ဆွံ့အသွားတော့သည်။ အကြောင်းမှာ ကြီးမြတ်လှသည့်သခင်လေးချင်နှင့် အတူအိပ်ရန် ဈေးပြိုင် ဆယ်သန်းပေးခဲ့သူမှာ သူမပင်ဖြစ်နေသောကြောင့် ဖြစ်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Hikayelerin yaşadığı yer. Şimdi keşfedin