" လက်ခံပါတယ် "

Lisa ရယ်သံလေးက လေထုထဲမှာ မျောပါသွားပြီး Paris မြို့ကို လွှမ်းခြုံလိုက်လေသည်။

" Lalisa Manobam က Jennie Ruby Jane နဲ့ အတူအိုမင်းသွားချင်ပါတယ် ၊ Lalisa Manobam ကို ​ဘဝလက်တွဲဖော်အဖြစ် Jennie Ruby Jane လက်ခံပါသလား "

Jennie က ချက်ချင်းတုံ့ပြန်မလာသေးဘဲ Lisa မျက်ဝန်းတွေကို ငေးစိုက်ကြည့်နေပြီး Lisa နှုတ်ခမ်းကို ထိကပ်နမ်းလိုက်သည်။

" လက်ခံပါတယ် "

Jennie စကားဆုံးသည်နှင့် မီးဆူးမီးပန်းတွေ ကောင်းကင်မှာ ဖောင်းခနဲပေါက်ကြပြီး  တိုင်းရှစ်ခွင်မှ မီးပုံးပျံတွေနဲ့အတူ ပူဖောင်းတွေလည်း ကောင်းကင်ပေါ် ပျံတက်ကြသည်။Jennie က တအံ့တသြလေး ငေးကြည့်နေပြီး Lisa ကတော့ ငေးနေတဲ့ သူ့မိန်းကလေးကို ပြန်ငေးနေသည်။

" Lisa!"

Jennie ရယ်ပြုံးနေရင်း က Lisa လည်တိုင်ကို ဖက်တွယ်လာပြီး Lisa နှုတ်ခမ်းမှာ အနမ်းတို့ ထပ်တူ ကျစေသည်။Lisa လက်တို့ကလည်း Jennie ကိုယ်လေးကို ပွေ့ဖက်ထားလိုက်သည်။လွမ်းခဲ့ရသလောက် နမ်းပြီးမှ Lisa က Jennie လက်သူကြွယ်မှာ ပလက်တီနမ်လက်စွပ်လေး ဝတ်ပေးလိုက်သည်။Lisa သူကြွယ်မှာလည်း Jennie ကိုယ်တိုင် စွပ်ပေးလိုက်သည်။

" ချစ်တယ် My honey! အဟင်း "

Jennie က အသည်းယားက lisa ရင်ခွင်မှာ မျက်နှာအပ်လိုက်သည်။

" ချစ်တယ် Bam "

®

Lisa နဲ့ Jisoo ကွာရှင်းပြီး တစ်နှစ်အကြာမှာ lisa နဲ့ Jennie လက်ထပ်ခဲ့ကြသည်။Naeun လေးကတော့ Jisoo စောင့်ရှောက်ခွင့်ရခဲ့သည်။Jisoo လူလွတ်ဖြစ်ပြီး 3 နှစ်ကြာမှ Chaeyoung က Jisoo ကို ဖွင့်ပြောခဲ့တာ။Jisoo က ဘာပြောလဲ သိလား ။

" တော်သေးတာပေါ့ မသေခင်လေး ကြားလိုက်ရသေးလို့ " တဲ့ ။

အခုဆို Naeun လေးလည်း မူလတန်းတက်နေပြီလေ။Naeun လေးက အများကြီး ချောလာတာ။အများကြီးလည်း ရင့်ကျက်လာတယ်။

Lisa အလုပ်က ပြန်လာတော့ အိမ်ထဲက တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် မျက်လုံးပြူးသွားသည်။Jennie က အခန်းရဲ့ အလယ်မှာ ပုံဆွဲနေပြီး Hayoung လေးက ထိုင်လျက်ကနေ မုန့်​သေး​သေးလေးတွေကို တစ်ခုချင်း ယူစားနေသည်။ကျန်တဲ့ နေရာမှာတော့ ပစ္စည်းတွေး ဆေးဘူးတွေ ပွဆံကျဲနေသည်။

A Starry Night in Paris Where stories live. Discover now