Part- 7

443 34 0
                                    

" Morning Soo "

Jisoo အိပ်ရာက နိုးလာတဲ့အခါ အဒေါ်ကြီးကို မနက်စာကူပြင်နေတဲ့ LiLi ကို တွေ့ရသည်။Naeun လေးက စောစောစီးစီးနိုးကာ Lisa ထည့်ပေးတဲ့ နွားနို့ သောက်နေသည်။Japan က ပြန်လာပြီးတဲ့နောက် Lili သူ့အပေါ် အရင်ကလို ကြင်နာလာတယ်ထင်တယ်။Lili စိတ်ကောက်နေတာ ပြေပြီဆိုတဲ့ သဘောလား။အဒေါ်ကြီး ထွက်သွားတော့ Lili ကို ခါးမှလက်လျိုကာ ပွေ့ဖက်ထားလိုက်သည်။အချိန်တော်တော်ကြာ လွမ်းနေခဲ့ရတဲ့ ကိုယ်ငွေ့လေးပဲ။ကျောပြင်လေးကမှအစ ခုထိ နူးညံ့တုန်း။ သူ့ထက်အရပ် မြင့်လွန်းတဲ့ Lili လေး ကျောကို Jisoo တစ်ချက်နမ်းလိုက်တယ်။

Lisa က ခါးမှာ ဖက်တွယ်ထားတဲ့ Jisoo လက်တွေကို ညင်သာစွာ ခွာပြီး စားပွဲမှာထိုင်စေသည်။ဒီအတော အတွင်း LiLi ဆီက ကြင်နာမှုတွေကြောင့် Jisoo သိပ်ပျော်နေခဲ့တာ။နွေးထွေးတဲ့ မိသားစု အငွေ့အသက်လေးကို Jisoo ပြန်ရပြီလေ။နံနက်စာစားပြီးတော့ Lili အတွက် အဝတ်ထုတ်ပေးလေသည်။Lili လေးက အရင်ကလို ဘာမှမပြောတော့။

" အစ်မရဲ့ Lili လေး သိပ်ခန့်တာပဲ "

suits နဲ့ဆို Lili လေးက ပိုပြီးစမတ်ကျတယ်ထင်တယ်။ဒေါက်မြင့်တွေပါ စီးလိုက်ရင် စတိုင်က ရူးခါသွားလောက်တယ်။
Lili လေးလက်ကို jisoo ပြန်ချိတ်တွယ်ခွင့်ရပြီ။တကယ်စိတ်ကြီးတဲ့ Lili လေးပဲ။ဒီတစ်ခါ Jisoo ဘယ်လိုမှ စိတ်ဆိုးအောင် မလုပ်ရဲတော့ပါ။

" Lili လေးကို အစ်မ ပြောစရာရှိတယ် "

ကားကို အာရုံစိုက်မောင်းနေရင်းမှ Lisa Jisoo ရဲ့စကားကို ခေါင်းငြိမ့်လိုက်တယ်။အတွင်းရေးမှူး Cha ကို အလုပ်တစ်ခုပေးထားတာမို့ ကားကို Lisa ကိုယ်တိုင် မောင်းရသည်။

" Paris က ပန်းချီပညာရှင်တစ်ယောက်ရှိတယ်၊ Paris မှာတော့ အောင်မြင်တာပေါ့ သူ့ကို Lili တို့ ဒီတစ်ခေါက် ပန်းချီပြပွဲမှာ ပါဝင်ဖို့ ဖိတ်ကြည့်ပါလား သူ့ပန်းချီတွေက အရမ်းလေးနက်တာ ပါရမီပါတဲ့ ပညာရှင်ပဲ သူနဲ့အလုပ်လုပ်ရင် Lili တို့ပိုပြီး အကျိုးရှိမယ်ထင်တယ် "

" Lili စဥ်းစားပေးပါ့မယ် Soo "

" ကျေးဇူးပါနော် "

Lili ခေါင်းငြိမ့်ကာ Naeun လေးတို့ မူကြိုကျောင်းထဲ ဝင်လိုက်သည်။Naeun လေးကို မူကြိုပို့ပေးပြီးတာနဲ့ Jisoo ကို ဆေးရုံလိုက်ပို့ရလေသည်။ပြီးတာနဲ့ ကုမ္ပဏီဆီ သွားဖို့ ဦးတည်လိုက်ပေမဲ့ Lisa လက်တွေက တစ်ဖက်လမ်းကို ကွေ့လိုက်လေသည်။Lisa အတွေးအာရုံဟာ လွန်ခဲ့တဲ့ တစ်လကို ပြန်ရောက်သွားတယ်။

A Starry Night in Paris Where stories live. Discover now