Part- 10

488 36 0
                                    


ရုတ်တရက် ဖြတ်ဝင်လာတဲ့ ကလေးကြောင့် chaeyoung ဘရိတ်ကို လျင်လျင်မြန်အုပ်ချလိုက်သည်။Chaeyoung ကားပေါ်က ဆင်းလာတော့ Naeun လေး ဖြစ်နေတယ်။

" Naeun လေး ဘာလို့ ဒီလို ဖြတ်ပြေးရတာလဲ တော်သေးတာပေါ့ "

Chaeyoung က Naeun လေးကို ပွေ့ချီလိုက်တယ်။ပြီးမှ ခပ်ဝေးဝေးမှာ ကြက်သေ သေနေတဲ့ Jisoo ကို တွေ့ရလေသည်။Chaeyoun Naeun လေးကို ပွေ့ချီခေါ်လာမှ မျက်ရည်တို့ကျကာ Naeun လေးကို ပွေ့ခေါ်လေသည်။

" ကလေးလေးရယ် နောက်ဆို အဲ့ဒီလို မလုပ်ပါနဲ့  "

Jisoo က ပြီးမှ Chaeyoung ကိုသတိရသည်။

" ကျေးဇူးပါ Chaeyoung "

" ရပါတယ် Jisoo တို့ တစ်နေရာရာ သွားဖို့လား "

"ဟုတ်တယ် အတွင်းရေးမှူးChaက LiLi အရေးတကြီး ခိုင်းလိုက်လို့ သွားပါလေရော "

" Jisoo တို့ သွားချင်တဲ့နေရာ ကျွန်မ လိုက်ပို့ပေးနိုင်မလား "

" ရပါတယ် Chaeyoung ရဲ့ "

" အားမနာပါနဲ့ ကျွန်မ လိုက်ပို့ပေးပါ့မယ် "

" အဲ့ဒီလိုဆိုရင်တော့ ကျေးဇူး အများကြီး တင်မိပါတယ် "

Chaeyoung Jisoo တို့ သွားချင်တဲ့ နေရာကို လိုက်ပို့ပေးလိုက်သည်။

" ဒါနဲ့ ပိတ်ရက်ကို Jisoo တို့ တစ်နေရာရာ သွားဖို့ ရှိလား "

" အင်း အစကတော့ အဖွားရှိတဲ့ အင်ချွန်းကို သွားမလို့ ဒါပေမဲ့ lili က မအားဘူးဆိုတာနဲ့ မပို့ခိုင်းတော့တာ "

" အင်ချွန်းဆိုရင်တော့ ကျွန်မ သွားဖို့ရှိတယ် "

" တကယ် "

Jisoo မျက်နှာလေးမှာ ချက်ချင်းဝင်းပလာသည်။တကယ်ဆို ဒါက Lisa က Chaeyoung ကို အကြံဖန် လုပ်ခိုင်းခဲ့တာပါ။သူလည်း လိုက်ပို့ဖို့မအားတာရော မပို့ချင်တာရော။

" မွေးရပ်မြေလား "

" ဟုတ်တယ် Jisoo , မွေးရပ်မြေပါ "

Jisoo က ချက်ချင်းပင် ခရီးအကြောင်းတွေကို ပြောပြလေသည်။Chaeyoung ကတော့ Jisoo မျက်နှာလေးသာ ငေးကြည့်ပြီး  ခေါင်းငြိမ့်နေခဲ့တယ်။

®

မရောက်တာ ကြာပြီဖြစ်တဲ့ အိမ်လေးရှေ့ Lisa ရောက်လာခဲ့တယ်။ဘယ်သူမှမရှိဘူးလို့ Chaeyoung ပြောထားတာမို့ အပေါ်ထပ်ကို Lisa တက်လာခဲ့တယ်။ထင်မထားတဲ့ jennie အခန်းတံခါး ပွင့်နေခဲ့ပြီး အထဲကိို Lisa ချောင်းကြည့်တော့ ပုံဆွဲနေတဲ့ Jennie ကို တွေ့ရလေသည်။

A Starry Night in Paris Where stories live. Discover now