Final Part

1.2K 56 6
                                    

nothing special in my mind for now,
and nothing is new to say for you
if there is something I have to say
that must be feeling of longing you
which never get old even much times have passed

အနီရောင် စာကဒ်လေးနဲ့အတူ အနီရောင် နှင်းဆီပွင့်လေးတစ်ပွင့် Jennie ဆီ ရောက်လာတယ်။သူရောက်လာပြီပေါ့။Jennie နှုတ်ခမ်းထောင့်စွန်း တို့ဟာ တွန့်ကွေးကုန်တယ်။အနီရောင် စာကဒ်လေးနဲ့ နှင်းဆီပန်းလေးကို Jennie နမ်းရှိုက်လိုက်တယ်။Jennie အပြင်ထွက်လာတော့ ကလေးတစ်ယောက် Jennie ဆီ ပြေးလာပြီး အဖြူရောင်စာကဒ်လေးနဲ့ နှင်းဆီဖြူတစ်ပွင့်ပေးလေသည်။စာကဒ်လေးထဲမှာ ကားရောက်လာမယ်တဲ့ ။

ကားတစ်စီးရပ်လာပြီး ကလေးက ကားကို လက်ညိုးထိုးပြတယ်။Jennie တစ်ချက်ပြုံးကာ ကားပေါ်တက်လိုက်တယ်။ကားရပ်ပေးတဲ့နေရာမှာ မိုးပျံပူဖောင်းတွေဖြင့် အုပ်မိုးထားတဲ့ လမ်းသွယ်လေး။ကလေးတစ်ယောက်က Jennie ဆီ ပြေးလာပြီး အဝါနုရောင် စာကဒ်လေးနဲ့ အဝါရောင် နှင်းဆီတစ်ပွင့်ပေးတယ်။jennie ကလေးခေါင်းကို ခပ်ဖွဖွပွတ်လိုက်သည်။

အဝါရောင် စာကဒ်လေးထဲမှာ ရှေ့တည့်တည့်ပြတဲ့ မြှားလေး ။ပူဖောင်းတွေအောက်ကနေ ရှေ့တည့်တည့်ကို လျှောက်လာတယ်။အဆုံးမှာ ကလေးတစ်ယောက် ပန်းရောင်နှင်းဆီပန်းတစ်ပွင့်နဲ့ ပန်းရောင်စာကဒ်လေး တစ်ခု။Jennie ရောက်နေတာ Eiffel Tower အောက်ခြေမှာ ။ပန်းရောင်စာကဒ်လေးမှာတော့ အသည်းပုံလေးနဲ့ I love you တဲ့။ခန့်ခန့်ညားညားဝတ်ထားတဲ့ လူတစ်ဦးက Jennie ကို Eiffel Tower ရဲ့ အမြင့်ဆုံးထပ်ကို ခေါ်သွားလေသည်။အပေါ်မှာ မှောင်နေပြီး Jennie ရောက်မှ မီးလုံးလေးတွေ ဖြတ်ခနဲ လဲ့လာသည်။Lisa က သူ့ကို ကျောပေးကာ စောင့်နေသည်။Jennie ခပ်ဖွဖွ လျှောက်လာကာ ကျောပြင်ကို မလွတ်တမ်း ငေးနေမိတယ်။Jennie အာရုံမှာ Lisa ကျောပြင်လေးရယ် ကြယ်တွေရယ် တိတ်ဆိတ်မှုရယ် ။

Lisa က ခပ်ဖြည်းဖြည်း သူ့ဘက်ကို လှည့်လာတယ်။နှုတ်ခမ်းသားတို့က အပြုံးတစ်စ။Jennie နဘေးကို ခပ်ဖွဖွ လျှောက်လာပြီး Jennie လက်ဖမိုးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

" ဒီမိန်းကလေးက Jennie Ruby Jane ကို နှလုံးသားတစ်ခု ပေးအပ်ချင်ပါတယ် ဒီနှလုံးသားကို Jennie Ruby Jane လက်ခံပါသလား "

ရစ်သိုင်းလာတဲ့ မျက်ရည်စတို့ကြားမှ Jennie ခေါင်းငြိမ့်လိုက်တယ်။

A Starry Night in Paris Where stories live. Discover now