Part-3

561 44 1
                                    


" တကယ် အိမ်ထောင်ပြုဖို့လား Jane "

Jennie က ဆိုင်ထဲကို ငေးနေရာမှ Lisa အမေးကြောင့် သူ့ဆီ အာရုံပြန်ရောက်လာတယ်။

" အင်း အိမ်ထောင်ပြုဖို့လာတာပဲ ဒါပေမဲ့ ပြဿနာ တစ်ခုရှိနေတယ် Lisa ကူညီပေးနိုင်လား "

Lisa တွေဝေသွားသည်။ချက်ချင်း အဖြေမပေးပဲ ကော်ဖီကို မော့သောက်လိုက်တယ်။

" ပြောကြည့်လေ ကူညီနိုင်တာဆိုရင်ပေါ့ "

" ပြဿနာက အိမ်ထောင်ပြုရမဲ့လူ မတွေ့သေးတာ Lisa  ကူညီမယ်မလား "

အတည်ပေါက်နဲ့ ပြောလာတဲ့ Jennie ကို Lisa စိတ်ဆိုးမိပါသည်။

" လုံးဝ မကူညီနိုင်ဘူး "

" စိတ်ဓာတ်က ဒိတ်အောက် နေတာပဲ , အဲ့တာကြောင့် ရုပ်ဆိုးနေတာ "

" Jennie Kim ,စကားကို သုံးသပ်ဆင်ခြင်ပြီးမှ ပြောပါ ကိုရီးယားရဲ့ လူငယ် CEO တွေထဲမှာ Lalisa Manobam က ပြစ်ချက်ကင်းလွန်းတဲ့ နေရာမှာ Top 1 ရထားတာ "

Jennie က ဟက်ဟက်ပက်ပက် ရယ်တော့တယ်။ဖြူလုံးလေး ရယ်မောတာကို ကြည့်ပြီး Lisa ပြုံးလိုက်တယ်။တကယ်ပဲ မျက်စိရှေ့မှာ ဖြူလုံးလေးကို တွေ့နေရတာတဲ့လား။

ဖြူလုံးလေးရဲ့ စစနောက်နောက် စကားနာတွေကို Lisa ပြုံးလျက်သာ ကြည့်နေတော့တယ်။အမြဲတည်နေတတ်တဲ့ introvert Lalisa က ဖြူလုံးလေးနဲ့မှ ကလေးဆန်တာတွေ လုပ်နေမိတော့တယ်။

®

Lisa အိမ်ပြန် လိုက်ပို့တော့ Chae young က မရောက်သေး။သူ အိမ်မှာမရှိရင် အပျင်းပြေ စာဖတ်ဖို့အတွက် အိမ်သော့ပေးခဲ့တာမို့ Jennie chaeyoung အိမ်ထဲ ဝင်ကာ စာအုပ်စင်ကို ဖွမိတယ်။အပေါ်ထပ်မှာ ဂန္တဝင် စာအုပ်တွေရှိပြီး အလယ်ဆင့်မှာ Chaeyoung နာမည်တစ်မျိုးနဲ့ စာအုပ်တွေ။Alice တစ်ခါ ပြောဖူးတာ chaeyoung က စာလည်း ရေးတယ်တဲ့။ဒါဖြင့် ဒါက chaeyoung ရဲ့ စာအုပ်တွေပေါ့။Chaeyoung ရဲ့ စာအုပ်တွေထဲက တစ်အုပ်ကို Jennie ယူဖတ်လိုက်တယ်။စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာမှာတင် လက်မှတ်နှစ်ခု ဘေးချင်းယှဥ် ထိုးထားလေသည်။တစ်ခုက Chaeyoung လက်မှတ် ဖြစ်ပုံရပြီး ဘေးက တစ်ခုကတော့ မသိ။လက်မှတ်တွေရဲ့ အောက်မှာ  နေ့စွဲတွေလည်း ပါတယ်။စာအုပ်က နည်းနည်းထူတာကြောင့် ခပ်ပါးပါး စာအုပ်တစ်အုပ်ကို Jennie ရွေးလိုက်တယ်။ဒီစာအုပ်မှာလည်း စောစောက စာအုပ်လို လက်မှတ်နှစ်ခု ယှဥ်ကာထိုးထားတယ်။Jennie ရဲ့ စပ်စုလိုစိတ်က နိုးထလာတာမို့ တစ်ခြားစာအုပ်တွေပါ.လိုက်ကြည့်မိတော့ အကုန်လုံး အတူတူပင်။မတူတာက လက်မှတ်နှစ်ခုရဲ့ အောက်က ရက်စွဲတွေပဲ။

A Starry Night in Paris Where stories live. Discover now