Part- 1

1.8K 78 0
                                    


အချစ်ဦးဆိုတာ Lisa အတွက်တော့ စွဲစွဲလမ်းလမ်း ရူးခဲ့တာ​တောင် နောက်တစ်ကြိမ် ပြန်မဖတ်တော့မဲ့ ဂန္တဝင် စာအုပ်တစ်အုပ်.....

စာမျက်နှာတိုင်းမှာ ရင်ခုန်ခဲ့ရဖူးလို့
မှတ်ဥာဏ်နဲ့ နှလုံးသားရဲ့ တစ်နေရာမှာ အထူးကြိုက်ခဲ့တဲ့ စာသားတွေကို သိမ်းထားချင် သိမ်းထားမယ်

လှုပ်ရှားနေတဲ့ နာရီတွေမှာ အမှတ်တမဲ့ သတိရ စရာလေးတွေကြောင့်
တိုက်ဆိုင်တဲ့ စာသားလေးတွေကို တမ်းတမ်းတတ ရွတ်ချင်ရွတ်မိမယ်
ဘယ်သောခါမှတော့ အဲ့ဒီ ဂန္တဝင်စာအုပ်ကို နောက်တစ်ကြိမ် ပြန်ဖွင့်မှာ မဟုတ်ဘူး.......

မေ့ပစ်ဖို့လဲ ခက်ခဲခဲ့ပါတယ်
အဆုံးမရှိတဲ့ အချစ်ကဗျာတွေ ကိုယ်တိုင်ရေးဖို့အတွက် Diary book လေးတစ်အုပ်ကိုဘုရားသခင်က မချီးမြောက်ခင်အထိ ဆိုပါတော့။ ။

Soo တားနေသည့်ကြားမှ Lisa အလုပ်တွေပစ်ကာ Paris ကို ထွက်လာခဲ့တယ်။Paris ကိုထွက်မလာခင်ဟာ Soo ရဲ့ နာမည်ကိုလည်း နောက်ဆုံးအကြိမ် အမြတ်တနိုး သုံးခဲ့တယ်ဆိုတာ Lisa လည်း ကြိုမသိခဲ့ပါဘူး။

" အတွင်းရေးမှူး Cha ကို booking ယူခိုင်းထားတာ ၊ Hotel က ? "

" Le Bristol ပါ Lisa , အဆင်မပြေတာများ ရှိလို့လား "

Lisa ခေါင်းခါလိုက်တာကို ​မှန်ထဲမှတစ်ဆင့် သူမြင်လိုက်နိုင်ပါတယ်။အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာတော့ အချိန်က အပိုအလိုမရှိ ကိုက်ညီလျက်။လေယာဥ်ထွက်ခွာချိန်မှာ မျက်လုံးတွေကို စမှိတ်လိုက်တော့ NaEun လေးက အမြင်အာရုံထဲမှာ ပျော်ရွှင်ရယ်မောလျက်။တကယ်ဆို ဒီခရီးကို NaEun လေးကိုပါ ခေါ်ချင်ခဲ့တာ။NaEun လေးက လိုက်ချင်သည့်တိုင် Soo က မထည့်။ဒါကြောင့်လည်း Soo နဲ့ စကားများခဲ့ရသေးသည်။Lisa ပွေ့မသိပ်ရင်မှ မအိပ်တတ်တဲ့ NaEun လေးအတွက် Soo နဲ့ နေခဲ့ရတာ ခက်ခဲနေမှာသာ စိုးရိမ်မိတာပါ။Sooက သူ့ထက် NaEun လေးကို အများကြီး ပိုချစ်ပေးနိုင်တဲ့သူပါ။ဒါကြောင့် Lisa လည်း အများကြီး မစိုးရိမ်တော့။

Paris ကို Soo နဲ့ NaEun လေးမပါဘဲ ထွက်လာတာ ဒီနှစ်ရဲ့ ပထမဆုံး အကြိမ်ပဲ။ခါတိုင်းဆို Soo မလိုက်နိုင်တောင် NaEun လေးတော့ ပါနေကျမလား။Hotel ပြန်ဖို့
Eiffel Tower ရဲ့ ပထမထပ်ကနေ ပြန်ဆင်းလာခဲ့သည်။Jack ရဲ့ dinnerကိုလည်း ဂုဏ်ပြုဖို့အတွက် ခဏရောက်ရုံဆိုသာ။

A Starry Night in Paris Where stories live. Discover now