Part-8

433 34 0
                                    

နေ့လည်စာ စားပြီး Jennie အလုပ်ဆီ ပြန်လာတော့ မှန်တံခါးမှာ အဝါ​ရောင်နှင်းဆီ ပန်းလေးတစ်ပွင့်နဲ့ အဝါရောင်စက္ကူကဒ်လေး ကို တွေ့ရသည်။

" ဒီနေ့ နေသာတယ်နော်
အသက်ရှည်တာ မြင်ချင်လို့
အများကြီး ပြုံးပါ "

စာကို ဖတ်ပြီး Jennie ရယ်လိုက်သည်။မူလတန်း ကလေးကတောင် သူ့ထက် ရေးတတ်ဦးမယ်။ဘာပဲဖြစ်ဖြစ် ဒီနေ့ Jennie ရယ်လိုက်ရတာမို့ ကျေးဇူးတင်မိပါသည်။

©

ညနေ ပြန်တော့ မှန်တံခါး မှာ အဖြူရောင် နှင်းဆီ ပန်းလေးနဲ့ အဖြူရောင် စာကဒ်လေး တစ်ကဒ် ။

" ပင်ပမ်းနေလား Kim
မနက်ဖြန်အတွက် အားသစ်တွေမွေးနိုင်ဖို့ ဒီညကို အကောင်းဆုံး အသုံးချလိုက်ပါ Fighting ဖြူလုံးလေး "

ဒီတစ်ခေါက်တော့ မျက်ရည်ကြားကပဲ Jennie ရယ်လိုက်ပါတယ်။

Jennie အိမ်ရောက်တော့ Chaeyoung က ချက်ပြုတ်ပြင်ဆင်းပြီးနေပြီ။

" မွေးနေတာပဲ Chaeyoung တို့ အစောကြီး ပြန်ရောက်နေတာလား "

" ဟုတ်တယ် အားတာနဲ့ Jennie ကို ကောင်းကောင်း ချက်ပြုတ်ကျွေးချင်လို့ "

" Chaeyoung လက်ရာတောင် မစားရတာ ကြာပြီ "

"ရေမြန်မြန်ချိုးပြီး ဆင်းလာခဲ့ "

Jennie က အပေါ်ထပ် မြန်မြန်တက်သွားလေသည်။Jennie တို့ ညစာ စားပြီးတာနဲ့ အပေါ်ထပ် မျက်နှာစာမှာ ဆိုဂျူ နဲ့လည်း ဝိုင်းဖွဲ့နေကြသည်။

" အလုပ်က ပင်ပမ်းလား "

Chaeyoung က အသားကို လှန်လိုက်ရင်းမှ မေးလိုက်သည်။

" အင်း ပင်ပမ်းတယ် အဲ့ဒီ မကောင်းတဲ့ကောင်က အနားမှာ မရှိလို့ ပိုပင်ပမ်းတယ်"

နည်းနည်းသောက်ရသေးတယ် Jennie က မူးနေပြီလား မသိ။ဒါပေမဲ့ Jennie က တော်ရုံတန်ရုံက အေးဆေးပါ ။

" ပိတ်ရက်ကျ Jennie ကို ငါ လာကူမယ်လေ "

" Chaeyoung တကယ်ပြောတာလား "

" တကယ်ပေါ့ဟ ၊ ကျန်တဲ့တစ်ရက်ကို Jennie ကို ရုပ်ရှင်လိုက်ပြမယ် ပေါ့ပေါ့ပါးပါး အနားယူလိုက် "

" အင်း မနက်ဖြန် မနက်ဖြန် ငါ ပိတ်လိုက်မယ် မနက်ဖြန် သွားကြရအောင် "

A Starry Night in Paris Where stories live. Discover now