Part- 11

461 38 0
                                    

" အစ်မက ဒီနေ့မှ ပြန်ရောက်တယ် Lili က ခရီးသွားဦးမလို့လား "

" ဟုတ်တယ် အစ်မ အရေးကြီးလို့ "

" အင်း သွားပါ"

Jisoo က Lisa ကို နောက်မှ ခါးကိုပွေ့ဖက်လိုက်သည်။Jisooက သူတရားဝင် လက်ထပ်ထားတဲ့ ဇနီးဆိုတာ မေ့ကာ  Jisoo လက်တွေကို Lisa ဖြုတ်ချမိတယ်။

" Naeun လေးရော ပင်ပမ်းတာနဲ့ အိပ်ရောလား "

Jisoo က နားမလည်စွာ ရပ်ငေးနေတာကို သတိထားမိမှ Lisa စောစောက သူ့အပြုမူကို သတိရသွားပုံ ရတယ်။ဘာမှလည်း ဖြေရှင်းချက် မပေးဘဲ Jisoo ရှေ့က လှည့်ထွက်သွားသည်။

Lisa ထွက်သွားတဲ့အထိ Jisoo ရပ်နေရာမှ ဖုန်းက စာဝင်လာသံကြောင့် တစ်ချက်ကြည့်ကာ အပြင်ထွက်လိုက်တယ်။

" Chaeyoung ပါလား "

" Jisoo စာအုပ်တွေ ကျွန်မအိတ်ထဲ ပါလာလို့ "

" အာ ကျေးဇူးပါ အိမ်ထဲဝင်ဦးလေ "

Chaeyoung ခေါင်းရမ်းလိုက်သည်။နွမ်းဖျော့နေတဲ့ Jisoo မျက်နှာလေးကြောင့် လှည့်ပြန်တော့မဲ့ အတွေးကို ရပ်ပစ်လိုက်ရသည်။

" Jisoo တစ်ခုခု ဖြစ်နေလား "

သူ့မျက်နှာရိပ်ကို ဖမ်းတတ်တဲ့ chaeyoung ကြောင့် Jisoo အံ့အားသင့်မိတယ်။Chaeyoung က လမ်းလျှောက်မလား ဆိုတာကြောင့် Jisoo စာအုပ်တွေကို အိမ်ထဲဝင်ထားကာ Chaeyoung နဲ့ ထွက်လာခဲ့သည်။ညဘက် မို့ တိတ်ဆိတ်ပြီး လေလည်း လတ်ဆတ်သည်။Jisoo Lisa နဲ့အတူ ဒီလို အတူတူ လမ်းလျှောက်ထွက်ချင်ခဲ့တာ။ခုတော့ သူ့ဘေးက လူက Lisa မဟုတ်ဘဲ တစ်ခြားသူစိမ်း တစ်ယောက်တဲ့လား။

Jisoo Chaeyoung ကို ခုမှ သေချာငေးကြည့်မိတယ်။Chaeyoung က တကယ်ခန့်တာပဲ။တစ်ချို့ကောင်မလေးအတွက် Girlfriend material type မျိုး။

ဒီမိန်းကလေးက ဘာလို့နွေးထွေးတယ် ခံစားရတာလဲ။Chaeyoung ကို ငေးကြည့်တိုင်း jisoo ဒီလိုခံစားရတယ်။သူနဲ့ရှိရင် ဘာကိုမှ မမှုဘဲ လုံခြုံသလို ခံစားရတယ်။လိုအပ်ချိန်တိုင်းမှာ အနားကို ရောက်ရောက်လာတတ်တာ။Chaeyoung က တကယ်ပဲ ဘယ်လိုလူမျိုးလဲ။

Jisoo ငေးကြည့်နေတုန်းမှာ Chaeyoung က သူ့ဘက်လှည့်ကာ ပြုံးပြလာတယ်။အမှန်ဝန်ခံရရင် Jisoo ရင်ထဲ နွေးသွားတယ်။Lili ဆီက မရတော့တဲ့ အပြုံးမျိုးတွေ။ Jisoo တို့ လမ်းလျှောက်လာရင်း ဆိုင်တစ်ဆိုင်ရှေ့ ရောက်လာတာမို့ chaeyoung က ဝင်မလားမေးသည်။နှစ်ခါ မေးစရာမလိုဘဲ Jisoo ခေါင်းငြိမ့်ပြခဲ့တယ်။

A Starry Night in Paris Where stories live. Discover now