Part- 12

454 35 0
                                    

ပန်းချီပြပွဲမှာ Lisa ရှိမှာ မဟုတ်လို့ Jaungtae ကမ်းလှမ်းတာကို Chaeyoung လက်ခံခိုင်းလိုက်သည်။အဲ့ဒီရက်အတွင်း Lisa ဂျပန်သွားစရာ ရှိသည်။ထင်ထားတဲ့ ရက်ထက် နှစ်ရက်စောပြီး Lisa စောသွားခဲ့တာတော့ Chaeyoung မသိလိုက်။Chaeyoung လည်း တက္ကသိုလ်က စာကြည့်တိုက် အတွက် ပါဝင်ကူညီပေးနေတာနဲ့ အလုပ်များသွားသည်။

" Jennie ဖုန်းလာနေတယ် "

Chaeyoung စာအုပ်စင်က စာအုပ်တွေ ထုတ်နေတုန်း Jennie ဖုန်း ဝင်လာတာကြောင့် လှမ်းခေါ်လိုက်သည်။

" Omma ဆက်တာပဲ "

Jennie ကောက်ကိုင်ကာ အပြင်ထွက်သွားသည်။ပြန်ဝင်လာတော့ Jennie က မျက်နှာမကောင်း။

" ဘာဖြစ်တာလဲ "

" Omma က ပြန်လာခဲ့တော့တဲ့ "

" မနက်ဖြန် ပြပွဲတက်ပြီး ခဏသွားလိုက်ပေါ့ "

" ဒီနေ့ ခေါ်နေတာ "

Chaeyoung က သဘောပဲ ဆိုတဲ့ သဘောဖြင့် နှုတ်ခမ်းတွန့်ပြသည်။Jennie မသွားဖြစ်လိုက်ပါ။ပြပွဲကို တက်ဖို့ စိတ်ကူးခဲ့သည်။Chaeyoung ပါ သွားမှာမို့ Jennie နဲ့အတူပဲ သွားဖြစ်မည်။

ပန်းချီပြပွဲမို့ အများစုသော ပန်းချီစိတ်ဝင်စားတဲ့ လူတွေ,  ပန်းချီပညာရှင်တွေ စီးပွားရေး မိတ်ဖက်တွေ လူကြီးလူကောင်းတွေ တက်ရောက်ကြသည်။ကိုရီးယားရဲ့ ထိပ်တန်း မီဒီယာတွေကလည်း ရောက်ရှိနေကြပြီ။

Jennie တို့ ရောက်တော့ Jisoo နဲ့ Naeun လေးလည်း ရောက်နှင့်နေကြပြီ။Jaungtae ကတော့ Jennie ကို အထူးကြိုဆိုလေသည်။Jisoo က Jennie ကိုတွေ့ရ၍ ကျေနပ်ပျော်ရွှင်နေသည်။
®
Lisa ထင်ထားသလို ဂျပန်မှာ ရက်သိပ်မကြာလိုက် သုံးရက်အတွင်းပင် ပြီးစီးသွားလေသည်။Chaeyoung ကို ဖုန်းဆက် ပြောဖို့စိတ်ကူးပေမဲ့ မပြောမိတော့။လေဆိပ်ရောက်မှ အတွင်းရေးမှူးCha ကိုလာကြိုဖို့ ဖုန်းဆက်ရသည်။​ပြောစရာ ထပ်မရှိတော့တာနဲ့ Lisa လည်းဖုန်းပိတ်လိုက်တော့သည်။ဂျပန်ကနေ လေယာဥ်စီးပြီး အင်ချွန်းလေဆိပ်ရောက်တော့ လာကြိုတဲ့သူက အတွင်းရေးမှူး Cha ဖြစ်မနေ။

" မင်းက ဘယ်သူလဲ "

" အတွင်းရေးမှူး Cha က လွှတ်လိုက်တဲ့ လူပါ အတွင်းရေးမှူးCha က Naeun လေးတို့ သားအမိကို ပိုကြို့လုပ်ရမှာမို့လို့ "

A Starry Night in Paris Where stories live. Discover now