Part- 2

620 48 0
                                    

" Good Morning Mommy "

" Good Morning Baby "

Lisa နံနက်စာအတွက် အောက်ဆင်းလာတော့ NaEun လေးရဲ့ မနက်ခင်း နှုတ်ဆက်သံလေးက Lisa စိတ်ကို ကြည်လင်စေတယ်။JiSooက သူ့ကို ကော်ဖီငှဲ့ပေးပြီး မီးကင်ထားတဲ့ ပေါင်မုန့်ကို Jam သုတ်ပေးလေသည်။

" Lili ဒီနေ့ Jihoon စေ့စပ်ပွဲကို တို့နဲ့အတူ လိုက်ခဲ့နိုင်လား "

" Lili မအားဘူး အစ်မ "

ထင်သားပဲ Lili နှုတ်က ဒီလို ထွက်လာမယ်ဆိုတာ။တကယ် ထွက်လာတော့လည်း စိတ်ထိခိုက်ရသည်။

" အင်းလေ Lili မလိုက်ရင် တို့လည်း မသွားတော့ဘူး "

" ဘယ်ဖြစ်မှာလဲ မျက်နှာပျက်စရာတွေ ဖြစ်ကုန်မှာပေါ့ "

Jisoo တမင် ပြောလိုက်ခြင်းပါ ။NaEun လေးကတော့ မျက်လုံးအဝိုင်းသားလေးနဲ့ ငေးကြည့်နေတယ်။

" Lili မပါဘဲ တို့လည်း မသွားချင်ဘူး အင်း အတွင်းရေးမှူး Cha ခေါ်သွားရင်ရော NaEun လေး "

" လိုက်ခဲ့မယ် ဘယ်သူ့မှ ခေါ်စရာမလိုဘူး "

NaEun လေးကို Jisoo မျက်ခုံးတစ်ဖက် ပင့်ပြလိုက်တော့ NaEun လေးက ရယ်နေလေသည်။LiLiတော့ မမြင်လိုက်ပါ။နံနက်စာ စားပြီးတော့ Jisoo နဲ့ Lisa NaEun လေးကို မူကြိုလိုက်ပို့ကြလေသည်။ပြီးရင် Lisa က သူ့ကို ဆေးရုံလိုက်ပို့မယ်။ဒီနေ့တော့ အရေးကြီးတဲ့ စာသင်ချိန်ရှိတာနဲ့ ချောင်အန်းကို လိုက်ပို့ခိုင်းရမယ်။ပြီးရင် Lisa သူ့အလုပ်သူသွားမယ်။ဒါက Jisoo နဲ့ Lisa တို့ရဲ့ နေ့စဥ်ဘဝ ပုံမှန်လှုပ်ရှားမှုတွေပဲ။Lisa နဲ့ Jisoo က လက်ထပ်ထားတာ ၅ နှစ်ရှိပြီ။အခုတော့ ကွဲလု ကွဲခါနီးပေါ့။ဒါတွေကလည်း Jisoo အမှားတွေရယ်ပါ။Lisa နဲ့ လက်မထပ်ခင်က သိပ်ချစ်ရတဲ့ ရည်းစားတစ်ယောက် jisoo မှာ ရှိခဲ့တယ်။သူနဲ့ ပြဿနာ ဖြစ်တဲ့အချိန် အိမ်ကသဘောတူတဲ့ Lisa ကို ကောက်ပြီး လက်ထပ်လိုက်တာ။မိန်းကလေးချင်းပဲ ဘာမှမဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ ဒီအိမ်ထောင်ရေးကို jisoo ပေါ့ပေါ့တန်တန် သဘောထားခဲ့တာပါ။Lisa က သူ့အရမ်းချစ်ပေးခဲ့တာ။လိုအပ်တာထက် ပိုပြီးပေါ့။ ကလေးဘဝကတည်းက အနားတကပ်ကပ် တွယ်ကပ်လာတဲ့ ကောင်မလေးက သူ့အိမ်ထောင် ဦးစီး ဖြစ်လာလိမ့်မယ်လို့ ဘယ်နည်းနဲ့မှ တွေးမထားခဲ့တာ။Jisoo ထင်တာထက် ဒီအိမ်ထောင်ရေးက ပိုပြီး အလေးနက်ရှိတယ်။နှစ်ဖက်ဆွေမျိုးတွေ စောင့်ကြည့်ခံရတဲ့ အိမ်ထောင်ရေး။Lisa နဲ့ လက်ထပ်ပြီးပြီးချင်း Lisa အဖွားနဲ့ Jisoo အမေက ကလေးယူခိုင်းတယ်လေ။ခေတ်မှီနည်းပညာနဲ့ မျိုးဆက် ဖန်တီးခိုင်းတယ်။NaEun လေးရလာပြီး အချိန်တွေကြာလေ Lisa အပေါ် Jisoo သံယောဇဥ် တွယ်လာလေလေ။Lisa ချစ်တတ်မှုက ရင်ခုန်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်ခဲ့ပါတယ်။ပျော်ရွှင်မှုက ရေရှည်တော့ မတည်မြဲခဲ့ပါဘူး။သူ့ကို ချစ်မိတယ်ဆိုတဲ့ အချိန်မှ Jisoo အချစ်ဦး အကြောင်း Lisa သိသွားတယ်လေ။ဒါကလည်း Jisoo သူ့ကို လိမ်ခဲ့လို့ပါ။ဒါကြောင့် Lili လေးက သူ့ကို စိတ်ဆိုးနေတာ။အနားရှိပေမဲ့ ဝေးကွာနေတယ်။အရင်က Lisa ရင်ငွေ့နွေးနွေးလေးတွေ Jisoo သတိရတယ်။နွေးထွေးကြင်နာတဲ့ မျက်ဝန်းလေးတွေ ပြန်လိုချင်တယ်။တစ်နာရီကို အကြိမ်60 လောက် ခေါ်ခေါ် တတ်တဲ့ Soo ဆိုတဲ့ အသံလေးကို ပြန်ကြားချင်တယ်။

A Starry Night in Paris Where stories live. Discover now