Part-4

466 40 0
                                    


" Mommy "

NaEun လေးရဲ့ ခေါ်သံကြောင့် Jisoo ခေါင်းမော့ ကြည့်လိုက်တယ်။Lisa သူတို့ဆီ လျှောက်လာတယ်။

" ပုံဆွဲနေတာလား NaEun လေးက "

NaEun လေးက ခေါင်းငြိမ့်ပြတော့ lisa ခေါင်းလေးကို အသည်းယားစွာ ပွတ်သပ်လိုက်သည်။

" ရေချိုးလေ Lili ပြီးရင် ..."

" Naeun လေးက စားပြီးပြီလား အစ်မ "

" အင်း သူ့ကို ကျွေးပြီးပြီ "

" အစ်မလည်း စားတော့လေ Lili dinner တစ်ခု သွားစရာ ရှိသေးတယ် "

" ဟုတ်လား အလုပ်လား "

" ရင်းနီးတဲ့လူ တစ်ယောက်ပါ အလုပ်နဲ့လည်း ဆိုင်တယ် "

" ဒီနေ့ ရှယ်ယာရှင် အစည်းအဝေး ဘာလို့ မတက်တာလဲ LiLi "

လှည့်ထွက်လာတော့ Jisoo က သူကြားအောင် မေးလိုက်သည်။Lisa Jisoo ဘက် ပြန်လှည့်လိုက်တယ်။

" အရေးအကြီး ကိစ္စလေး ရှိလို့ပါ "

" ရှယ်ယာရှင် အစည်းအဝေးထက်ပဲ အရေးကြီးတာ ရှိသေးလား, ဘုတ်အဖွဲ့ဝင် လူကြီးတွေ ဘယ်လောက်စိတ်ဆိုးနေလဲ မင်းသိလား "

" ဟုတ် သိပါတယ် ၊ အစ်မ ပြောလို့ပြီးရင် Lili ရေချိုးတော့မယ် "

Jisoo ဆီက တုန့်ပြန်ချက်ကို မစောင့်တော့ဘဲ အခန်းဆီတက်တက်လာခဲ့တယ်။ အရမ်းအမြင့်တော့မဟုတ်။​လှေကား သုံးဆင့်မျှသာ ရှိပြီး သေးငယ်တဲ့ အထပ်လေးပါ။လွန်ခဲ့တဲ့ နှစ်ကတည်းက Lisa Jisoo နဲ့ အခန်းခွဲ အိပ်ခဲ့တာ။Naeun လေးကတော့ သူ့အမေနဲ့ အိပ်သည်လေ။ခေါင်းလျှော်ထားတာမို့ ဆံပင်ရှည်တွေကို ပဝါဖြင့် သုတ်ရင်း ဖုန်းကို ကောက်ကိုင်လိုက်တယ်။Jennie စာပို့ထားတာပဲ ။ရေစိုနေတဲ့ ဆံပင်ရှည်တွေကို Dryer ဖြင့်မှုတ်ပြီး အဝတ်စားလဲကာ အခန်းထဲက ခပ်သုတ်သုတ် ထွက်လာခဲ့တယ်။

" သွားတော့မလား Lili "

" ဟုတ်ကဲ့ အစ်မ "

" အဲ့ဒီလူက LiLi အတွက် အရမ်းအရေးကြီးတဲ့ ပုံပဲနော် "

" ဟုတ်ကဲ့ အရေးကြီးဆုံးပါပဲ "

ထွက်သွားတဲ့ Lisa ကျောပြင်လေးကို ငေးပြီး Jisoo စိတ်မောစွာ ထိုင်ချလိုက်တယ်။လွန်ခဲ့တဲ့ နှစ်က စပြီး Jisoo တို့ ပြဿနာ ဖြစ်ကြတာ ။သူ့ရည်းစားဟောင်း ကြောင့်နဲ့ဆိုပါတော့။Jisoo Liliကို လိမ့်ခဲ့တာပါ ။အဲ့ဒီအချိန်မတိုင်ခင်လည်း Jisoo အမှန်ဝန်ခံရရင် ရည်းစားဟောင်းကို မေ့မရသေးပါ။LiLiနဲ့ ဘဝကို အဆင်ပြေပြေ နေတော့မယ်လို့ စိတ်ကူးထားမှ ဒီပြဿနာတွေ စခဲ့တာ။အဲ့ဒီနောက်ပိုင်း LiLi သူ့အပေါ် ဆက်ဆံမှုတွေ အေးစက်လာတယ်။အစ်မ အနားမှာ အမြဲရှိနေမယ်လို့ ပြောခဲ့တဲ့ LiLi လေးက ကွားရှင်းပြတ်စဲမဲ့ စကားကို အရင်စ ပြောလာတယ်။မနှစ်က တစ်ခါရယ် ဒီနှစ် Parisက ပြန်လာပြီးတဲ့ နောက်ပိုင်းရယ် ။Jisoo ကတော့ ဒီမိသားစုဘဝလေးကို တွယ်တာ နေပြီမို့ ဘယ်နည်းနဲ့မှ အပြိုကွဲ မခံနိုင်ပါ။LiLi ခဏ စိတ်ဆိုးနေတုန်းမို့ပါ ပြီးရင် အရင်တိုင်းပြန်အဆင်ပြေလာမယ်လို့ Jisoo မျှော်လင့်မိတယ်။ဘယ်တုန်းကမှ စိတ်မဆိုးဖူးတဲ့ Lili က ဒီတစ်ခါ စိတ်ဆိုးတာ သိပ်ကြာတာပဲ။စီးကျလာတဲ့ မျက်ရည်တစ်စက်ကို လက်ခုံဖြင့် သုတ်ရင်း NaEun လေးနား ခပ်ဖြည်းဖြည်း လျှောက်သွားးကာ Naeun လေး နဖူးပြင်ကို ခပ်ဖွဖွနမ်းကာ ကိုယ်အောက်ပိုင်းက စောင်လေးကို ဆွဲတင်ပေးလိုက်တယ်။ဒီညလည်း Lili အိမ်ပြန်နောက်ကျမှာမို့ Jisoo စောင့်မနေတော့ပါ။NaEun လေး ဝင်လှဲရင်း LiLi ကိုယ်ငွေ့လေးကို သတိရစိတ်ကြောင့် မျက်ရည်ကျကာ ဒီတစ်ည အိပ်ပျော်ဖို့ မျက်လုံးကို ကြိုးစားမှိတ်ရဦးမည်။

A Starry Night in Paris Where stories live. Discover now