အပိုင်း (၃၁၁) ချင်မော့က ချိုမြမြနှုတ်ခမ်းတွေကို ကြွေသွားတယ်

Beginne am Anfang
                                    

သို့သော် ထိုမိန်းမသည် သူ ပြောလိုက်သည့် စိန်ခေါ်မှုကို သဘောကျသွားသဖြင့် အော်ရယ်လိုက်လေသည်။

သူမသည် သူမ၏နှုတ်ခမ်းကို တစ်ရှူးစများဖြင့် ညင်သာစွာ သုတ်လိုက်သည်။

ဒါပေါ့ သူမ အားလုံးကို ဖျက်လိုက်တာတော့ဘယ်ဟုတ်မလဲ။

တကယ်တော့ မိန်းမအများစုက မိတ်ကပ်မပါဘဲ အမြင်မခံချင်ကြဘူးလေ။

ဒီယုံကြည်မှုက အခြေခံအားဖြင့်တော့ အမြဲအစဥ်လိုက်လာတာမဟုတ်ဘူးပေါ့....

.... သူတို့က အရောင်ဖျော့ဖျော့နှုတ်ခမ်းနဲ့ကပိုပြီး ဆွဲဆောင်မှုရှိတာလို့ ယုံကြည်ထားတာလေ။

“အားလုံးနော်”

ထိုအေးစက်စက် စကားသုံးလုံးကိုသာ သူ ထပ်ပြောလိုက်သည်။

ထိုမိန်းမသည် ခေတ္တတုံ့ဆိုင်းသွားပြီး သူမ၏ သည်းခံစိတ်ကို ဆွဲဆန့်လိုက်ပြီး သူမ၏ပါးစပ်ကို ထပ်သုတ်လိုက်လေသည်။

“ အခုရော၊ ငါ နင့်ကို ဘယ်လောက်စိတ်ရှည်လဲ တွေ့ပြီမလား”

ချင်မော့သည် ထိုနှုတ်ခမ်းနီမဆိုးထားသော နှုတ်ခမ်းများကို ကြည့်လိုက်ပြီး သူမဘက်သို့ ဖြည်းညင်းစွာ လှည့်လာလေသည်။

ထိုမိန်းမ၏နှလုံးသည် တဒိတ်ဒိတ် ခုန်နေလေသည်။ အနမ်းတစ်ခု မစတင်မီ အလွန်ခံ့ညားသောပုံစံနှင့် ယောက်ျားတစ်ယောက်ကို သူမ တစ်ခါမှ မမြင်ဖူးချေ။

သူမ အမှန်တကယ်.... ကြွေသွားတော့သည်။

သို့သော် သူမကိုယ်သူမ သူ့ဆီ ပစ်မသွင်းလိုက်မီ ထိုယောကျ်ားသည် နောက်ဆုတ်သွားလေသည်။ သူသည် သူမကို စိတ်မပါသလိုကြည့်လိုက်ပြီး ခံစားချက်မဲ့စွာပြောလိုက်သည်။

“ငါ လုပ်လို့မရဘူး”

ထိုမိန်းမ၏မျက်နှာသည် ကြေကွဲတော့မည့်ပုံဖြစ်သွားတော့သည်။

သောက်ကျိုးနည်း ဒါဘာသဘောလဲ။

သူ ငါ့ကို ကစားနတောလား။

သူမသည် ထိုယောကျ်ား၏မျက်နှာနှင့် စိတ်သဘောထားကို  နောက်တစ်ကြိမ်အကဲခတ်လိုက်လေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Wo Geschichten leben. Entdecke jetzt