အပိုင်း (၁၀၀)

Start from the beginning
                                    

"မောင်လေးတို့ မမကချောင်ချင်းချင်းပါ မမရဲ့အဖေက မောင်လေးတို့အဖေရဲ့ မိတ်ဆွေပါ ဒါကြောင့်မောင်လေးတို့က မမကို မမချင်းချင်းလို့ခေါ်လို့ရတယ်"

တကယ်တော့ ဒီပိန်ပိန်သေးသေးနဲ့ ငါးနှစ်အရွယ်ကောင်မလေးကလည်း အရမ်းချစ်စရာကောင်းပါတယ်။ သူမရဲ့သွက်လက်တတ်ကြွပုံလေးက  လန်းဆန်းနေတဲ့ ပန်းပွင့်သေးသေးလေးလိုပဲ။

မော့ဟွာက ဒါကိုကြည့်ပြီး ဟုန်ရင်းကို မပြောဘဲမနေနိုင်ခဲ့တော့ဘူး။

"ချောင်မိသားစုက သမီးငယ်လေးက အရမ်းချစ်စရာကောင်းတာပဲ သူမလေးက သွားပြီးမိတ်တွေဖွဲ့နေတာကို ကြည့်ပါဦး အရမ်းဖော်ရွေတတ်တာပဲ"

ဟုန်ရင်းမှာ ထိုစကားကြားတော့ ပြုံးမိပေမယ့် ကူကယ်ရာမဲ့ဟန်လေးနဲ့....

"သူမလေးက သွက်လက်လွန်းလို့ခက်နေတာပါ သူမလေးကြီးပျင်းလာတဲ့အထိ ဒီလိုပုံလေးဖြစ်လာမှာကို  ကျွန်မနည်းနည်းစိုးရိမ်နေမိတယ်"

ဒါကိုကြားတော့ ပိုင်အမေသည် ဟုန်ရင်းအား အရမ်းမစိုးရိမ်ဖို့နှစ်သိမ့်ရင်းနှင့် စကားဖွဲ့ဖြစ်သွားကျတော့သည်။

ဒီအချိန်မှာ ရှောင်ဟန်ကတော့ သူ့ရဲ့သားလေးတွေကိုဖျောင်းဖျနေခဲ့ပါတယ်။

"ရှောင်ဝူလေးနဲ့ရှောင်ဖူလေး မမက မင်းတို့နဲ့ကစားချင်လို့ စကားလာပြောတာလေ မင်းတို့ဒီလိုပဲပုန်းနေမှာလား"

အစပိုင်းတွင် ကောငယ်လေးနှစ်ယောက်သည် ချောင်ချင်းချင်းအား လန့်နေခဲ့ကျသည်။ သို့သော် ရှောင်ဟန်မှ ဖျောင်းဖျလွန်းမက ဖျောင်းဖျလာမှသာ သူတို့လေးတွေက ချောင်ချင်းချင်းနှင့် စကားပြောလာကျပြီး အသံတိုးတိုးလေးတွေနဲ့ "မမချင်းချင်း..."ဟု ခေါ်ခဲ့ကျ၏။

ချောင်ချင်းချင်းကတော့ ဒီအသံလေးတွေထဲမှာနစ်မျောသွားခဲ့ပါပြီ။ သူမလေးက ပျော်ရွှင်စွာနဲ့ ရှေ့ပိုတိုးသွားပြီး....

"မင်းတို့ရဲ့နာမည်လေးတွေက ရှောင်ဖူလေးနဲ့ရှောင်ဝူလေးကိုး! ဒီခြံကြီးက မင်းတို့ပိုင်တာလားဟင် ဒီမှာဘာတွေ ကြည့်စရာရှိသေးလဲ မမကိုလိုက်ပြလေ မကောင်းဘူးလား"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now