NaEun လေးကို မူကြိုပို့ပြီး ထွက်လာတော့

" Lisa တို့ ချောင်အန်းကို သွားမယ်နော် "

Lisa ခေါင်းငြိမ့်ပြပြီး ချောင်အန်းတက္ကသိုလ်ဆီ ကွေ့လိုက်တယ်။

မိုးစင်စင်လင်းလင်းချင်းမှာ မင်းကို သတိရတတ်နေပြီ ။အချစ်ကို တွေ့ပြီလားလို့ Elice မေးခဲ့တယ်။မင်းနဲ့ ဆုံခဲ့မှတော့ သေချာပေါက် ခေါင်းငြိမ့်ရမှာပေါ့ ။အမေးအမြန်းထူတဲ့ Elice က အချစ်ကို အဓိပ်ပါယျဖှငျ့ဆိုခိုငျးတယျ။မပွောတတျဘူး Bam ။အာရုံတွေထဲမှာ ထာဝရတည်နေဖို့ မင်း မျက်နှာကို ငေးကြည့်နေရတော့ အချစ်ကို အေးအေးဆေးဆေး အဓိပ်ပါယျ မဖွင့်ဆိုနိုင်သေးဘူး။

" Morning Bam "

ပြတင်းပေါက်ကနေ လေပြေထဲကို မနက်ခင်းနှုတ်ဆက် စကားလေးတွေ စေလွှတ်လိုက်တယ်။ Bam ဆီ ရောက်ပါစေ။

" Jennie"

" အာ Chae Young"

" မနက်စာအတွက် လာခေါ်တာ "

" ခဏနေရင် ဆင်းခဲ့ပါမယ် "

Chae young ထွက်သွားပြီး Jennie ဆင်းခဲ့တော့ နံနက်စာက အဆင်သင့် ဖြစ်နေပြီ။

" ကျေးဇူးတင်ပါတယ် ၊ နောက်နေ့တွေကျရင်တော့ တကူးတက မစီစဥ်ပါနဲ့တော့ "

" ဒါဆိုရင်တော့ Alice က စိတ်ဆိုးလိမ့်မယ် Jennie ရဲ့ "

Chae ရော Jennie ပါ ပြုံးလိုက်ကြတယ်။

" Jennie က ကိုရီးယားကို ဘာအတွက်လာတာလဲ "

Jennie က ဖြေရခက်သွားတယ်။Alice က ပြေပြထားပုံမရဘူး။

" တစ်ချက်ကတော့ Appa ကြောင့်ပါ ၊ Appa က သူ့နိုင်ငံက သိပ်ခင်တွယ်တာ omma ကို ချစ်လွန်းလို့သာ Paris ကို လိုက်လာရတာ Appa ဆုံးတော့ ကိုရီးယား ကိုလာဖို့တော့ စိတ်ကူးမိတယ် Omma က ခွင့်မပြုဘူးလေ ၊ နောက်တစ်ချက်က လူတစ်ယောက်ကြောင့်ပေါ့ "

" Jennie ဘယ်သွားဖို့ရှိလဲ ကျွန်မက ချောင်အန်းကို သွားမှာမို့ Jennie ပျင်းနေမှာစိုးတယ် "

" ချောင်အန်း တက္ကသိုလ်လား "

Chae က ခေါင်းငြိမ့်ပြလိုက်တယ်။

" Chae young က အဲ့မှာ အလုပ်လုပ်တာလား "

" ဟုတ်ကဲ့ "

A Starry Night in Paris Where stories live. Discover now