"ဒါတွေက ဦးဦးရဲ့အပင်တွေလားဟင် ဦးဦး ချင်းချင်းက နည်းနည်းလောက် စားကြည့်လို့ရောမရဘူးလား"

ပိုင်လီက ကလေးမလေးကို ပြုံးကာ ကြည့်လိုက်၏။ သူက နဂိုထဲက ကလေးချစ်တတ်သူတစ်ယောက်ဖြစ်တာကြောင့် ဤသို့ သွက်လက်လွန်းတဲ့ ကလေးမလေးကို မျက်ကွယ်မပြုနိုင်ပါဘူး။

"ရတာပေါ့ ဘာလို့မရရမှာလဲ "

အဲဒီနောက်သူသည် ခူးပြီးသား စပျစ်ခိုင်များထည့်ထားသည့်ခြင်းအား ညွှန်ပြလိုက်ပြီး ...

"ချင်းချင်း ကြိုက်ရင် အများကြီးစားလည်းရတယ်"

ချောင်ရန်သည် လှည်းပေါ်မှ ပထမဆုံးဆင်းခဲ့တဲ့သူ ဖြစ်သော်လည်း သူသမီးငယ်ကို အောက်ချပေးပြီးနောက် သူ့ဇနီးကို လှည်းပေါ်မှဆင်းရန် ကူညီနေရသဖြင့် ချောက်ချင်းချင်းနောက်မှ လိုက်မလာခဲ့ရပေ။

ဟုန်ရင်းက ပုံမှန်အားဖြင့် မြင်းလှည်းကိုပဲ စီးနေကျဖြစ်လို့ ဒီလိုကျွဲလှည်းက သူမအတွက် အခက်ခဲအနည်းငယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် သူမက ဒီအတွေ့ကြုံအတွက် ပြုံးရွှင်နေတုန်းပဲ။

ဤတစ်ခေါက်တွင် ချောင်အိမ်၌ ညစာစားချိန်ကသာတွေ့လိုက်ရသည့် ချောင်ရန်၏ ရှစ်နှစ်အရွယ် တတိယသားလေး ချောင်လုပိုင်လည်းပါလာခဲ့ပြီး သူလေးက သူ့အဖေချီချပေးမှာကို မလိုချင်၍ လှည်းပေါ်ကနေ ကျော့ရှင်းစွာ ခုန်ချခဲ့လေသည်။ အဲဒီနောက် သူတို့မိသားစုသုံးယောက်က ပိုင်မိသားစုဝင်တွေနဲ့အတူ စပျစ်အောက်လာကျရင်းနဲ့ ပိုင်လီက ချောင်ချင်းချင်းကို ပြောနေတာကိုကြားလိုက်ကျရပါတယ်။

ပိုင်လီပြောအပြီးမှာပဲ ချောင်ချင်းချင်းဆိုတဲ့ ကောင်မလေးက ပျော်ရွှင်စွာနဲ့ ခြင်းတောင်းထဲက စပျစ်ခိုင်တွေကို လှမ်းယူတော့မှာကို မြင်လိုက်ကျရတော့ ချောင်ရန်က အမြန်ပြေးသွားပြီး တားလိုက်ရတော့ကာ သူက သမီးအငယ်ဆုံးလေးကို ငေါက်လိုက်တော့တယ်။

"ချောင်ချင်းချင်း! မင်းဆိုတဲ့ကောင်မလေးကတော့ အလိုလိုက်လို့ပျက်စီးနေပြီ ဦးဦးပိုင်ကခွင့်ပြုတိုင်း ဒီတိုင်းယူစားနေမှာလား မင်းက ဒီအသီးတွေဘယ်လောက်အဖိုးတန်လဲတောင် မကြည့်တော့ဘူး"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now