"ငါက ဘာလို့ သူနဲ့ အတူနေချင်ရမှာလဲ"

"မင်းပဲ မဆင်းချင်ဘူးဆို!!!"

"မင်းကို တိုးတိုးပြောလို့ ပြောနေတယ်လေ...ခွေးသူတောင်းစားရဲ့"

"တော်ပြီ သွားတော့မယ်...မင်းကို အဲ့တာလာပြောတာ... တကယ်တည်း အဖြစ်ကိုသည်းနေတာပဲ"

မိုးထက် ပွစိပွစိပြောကာ အခန်းထဲမှ ထွက်သွားသည်။ မိုးထက် ထွက်သွားတော့ ခွန်းဆက် မာန့်ကို ကြည့်နေမိပြန်သည်။ နှုတ်ခမ်းဖူးဖူးလေးအား ကိုက်ဆွဲချင်စိတ်များကလည်း ဖြစ်ပေါ်လာရသည်။ ခွန်းဆက် ကြည့်နေတုန်းမှာပင် မာန့်မျက်တောင်လေးများ လှုပ်လာကာ မျက်လုံးများ ပွင့်လာသည်ကြောင့် အကြည့်ကို ချက်ချင်းလွှဲလိုက်သည်။

မာန် နိုးလာတော့ ဘေးကကုတင်တွင် ခွန်းဆက်ထိုင်နေသည်ကို တွေ့တာကြောင့် မာန်လည်း လဲနေရာမှ ထထိုင်လိုက်သည်။

"မင်း နိုးနေတာကြာပြီလား"

"အင်းကြာပြီ"

ခွန်းဆက် မာန့်အား မကြည့်ပဲ ပြန်ဖြေသည်။

"အဲ့ဆို ခဏစောင့်... ငါမျက်နှာသစ်ပြီးတာနဲ့ မင်းအတွက် မနက်စာ သွားဝယ်ပေးမယ်"

"အင်း မြန်မြန်လုပ် ဗိုက်ဆာတယ်"

"အရမ်း ဗိုက်ဆာနေလားဟင်"

မာန်က သနားသည့်လေသံလေးနှင့် မေးလာသည်ကြောင့် ခွန်းဆက်လည်း မာန့်ကို ကြည့်ကာ မျက်နှာကို ဇီးရွက်လောက် ဖြစ်အောင် ငယ်ချလိုက်ပြီး အားမရှိသည့် လေသံတိုးတိုးလေးဖြင့် ပြောသည်။

"အင်း အရမ်းဗိုက်ဆာနေပြီ"

"အဲ့ဆိုလည်း မင်းဘာသာမင်း သွားဝယ်တော့... ငါ့ကို မစောင့်နဲ့တော့"

"မာန် ခင်ဗျား!!!"

"ဘာလဲ ဘာလဲ"

"ဘာမှမဟုတ်ဘူး မြန်မြန်လုပ်ပြီး သွားဝယ်ပေး"

"မြန်မြန်တော့ မလုပ်နိုင်ဘူး...စောင့်နိူင်ရင် စောင့်... မစောင့်နိူင်ရင် သွားဝယ်"

"ခင်ဗျား ဟာလေ ရုပ်ကလေးက လှသလောက် အကျင့်ကတော်တော် မကောင်းတာပဲ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now