ခွန်းဆက် သူ့အားနားပူနားဆာ လုပ်နေသော မာယာ့ကြောင့် စိတ်ရှုပ်နေရာမှ ကောင်းထက်တို့ကို မြင်လိုက်ရသည်ကြောင့် အတိုင်းမသိဝမ်းသာသွားသည်။

"ကောင်းထက် မြန်မြန်လုပ်ကွာ...ငါပန်းသီးစားချင်နေပြီ"

ခွန်းဆက်က ဆိုလေတော့ မာန်က သူပါလာသည့် laptop နဲ့ ဖိုင်များကို စားပွဲပေါ်ချကာ ကောင်းထက်လက်ထဲမှ ပန်းသီးထုပ်အား လက်လွှဲယူလိုက်သည်။

"ကိုယ်ရေဆေးပြီး ခွဲလာခဲ့မယ်... ညီတို့ အေးဆေး စကားပြောကြ"

ကောင်းထက် ကိုပြောပြီး အခန်းအပြင်သို့ထွက်သွားလေသည်။ ခွန်းဆက်ထွက်သွားသူ၏ ကျောပြင်ကို အမျှင်တန်း မပြတ်ငေးကြည့်နေသည်။

ဒီမှာလည်း ခွဲလို့ရတာပဲဟာကို.....

"ရောင်နီ အစ်ကို အလုပ်တွေ အရမ်းများနေပုံပဲ... ဒီညငါ စောင့်အိပ်ပေးမယ်လေ... အစ်ကို့ကိုပြန်ခိုင်းလိုက်မလား"

"ဘာလို့လဲ"

"ဟိုမှာကြည့် ဖိုင်တွေနဲ့... မင်းမြတ် ငါ့ကိုပြောတယ်... သူမင်းကို စောင့်ပေးရင်း အလုပ်တွေပါ လုပ်နေတာ... အိပ်ချိန် သိပ်မရှိဘူးတဲ့"

"ဒါတော့ ငါက သူ့ယောက်ကျားပဲ... သူဒီလောက်တော့ လုပ်ပေးရမှာပေါ့"

"မဟုတ်ဘူးလေ ရောင်နီ... နေ့လည်က အစ်ကို့ပုံစံကို မင်းမတွေ့လို့လား"

ကောင်းထက် စကားကြောင့် ခွန်းဆက်စဉ်းစားသလို ငြိမ်ကျသွားသည်။

မာယာ သူ့ကိုရှေ့မှာထားပြီး အလင်္ကာမုန်းမာန် အကြောင်းကိုသာ ပြောနေသောကြောင့် စိတ်များတိုလာရသည်။ သူ တစ်ယောက်လုံး ဒီမှာရှိနေသည်ကို ဘာလို့ အလင်္ကာမုန်းမာန် အကြောင်းပဲ ပြောနေရတာလဲ။

အလင်္ကာမုန်းမာန် နင့်ကို ငါသိပ်မုန်းတယ်...နင် ကိုကို ကိုမပိုင်စေရဘူး... ကိုကိုက ငါ့အပိုင်ပဲဖြစ်ရမယ်.....

မာယာ မျက်နှာကို အတက်နိုင်ဆုံး ချစ်ဖို့ကောင်းအောင် ပြုံးထားလိုက်သည်။

"ကိုကို အစ်ကိုအလင်္ကာ အရမ်းပင်ပန်းနေရင် ဒီညနားခိုင်းလိုက်လေ... ကိုကို့ ကို မာယာ စောင့်ပေးမယ်"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now