မာန် အရူးတစ်ယောက်ပမာ အော်ရယ်နေသည်။ နှုတ်ခမ်းက ရယ်နေသော်လည်း မျက်ဝန်းများကမူ နာကျင်မှုကြောင့် ရဲရဲနီနေသည်။  ဖြူဖွေးသော အသားအရည်ကပင် အနီရောင်သို့ ကူးပြောင်းနေသည်။ အောက်နှုတ်ခမ်းကို ကိုက်ထားသည်မှာလည်း သွေးများပင် ထွက်လာနေသည်။

"ခင်ဗျားတို့ အခုချိန်မှာ ပျော်ထားအုံးပေါ့... မကြာတော့တဲ့တနေ့ ခင်ဗျားတို့ဆီ ပျက်ဆီးခြင်း မုန်တိုင်းက ရောက်လာတော့မှာ... အဲ့ဒီမုန်တိုင်းကို ဖန်တီးပေးမယ့်သူက ကျွန်တော်ပဲ"

အံ့ကြိတ်သံဖြင့် ရေရွတ်လိုက်သည်မှာ ကြက်သီးထဖွယ် အတိပြီးနေသည်။

*********************************
At City Family Hospital,

"ဟေ့ကောင်တွေ ငါသူ့ကို ကြည့်ရတာ အားမရဘူးကွာ... သူပြန်လာရင် ဆေးစစ်ပေးလိုက်အုံး"

ခွန်းဆက်စကားကြောင့် စားပွဲတွင်ထိုင်ကာ တွက်ထိုးနေကြသော မိုးထက်တို့ သုံးယောက် ခွန်းဆက်ကိုလှည့်ကြည့်လာသည်။

"ဟမ် ဘယ်သူ့ကိုလဲ ရောင်နီ"

'ဖြောင်း'

"အ! "

မိုးထက်က ခွန်းဆက်အား ပြန်မေးခွန်းထုတ်နေသော ကောင်းထက်၏ ဂုတ်ပိုးကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ကောင်းထက် နာသွားသော သူ့ဂုတ်ပိုးကို သူပွတ်ရင်း မိုးထက်အား မကျေမနပ်ကြည့်လိုက်သည်။ ခွန်းဆက်နှင့် မင်းမြတ်မှာတော့ ထိုနှစ်ယောက်အား မနိူင်ဘူးဆိုသည့် အကြည့်နှင့်သာ ကြည့်နေလိုက်ကြသည်။

"ဘယ်သူရှိရမှာလဲ...သူ့လင် ကိုပေါ့ မအေပေးရဲ့"

"အဲ့တာ မင်းပါးစပ်နဲ့ ပြောပါလား... ဆရာဝန် ဖြစ်ပြီး လူကို နာအောင်လုပ်ရသလား ခွေးသူတောင်းစားရ...ပြီးတော့ ငါ့အမေတော့ မရဘူး... လိုချင်ရင် ငါ့ကိုယူ"

"အောင်မှာ...မင်းကိုယူမယ့်အစား မင်းပြောသလို လမ်းဘေးက ကလေးမွေးထားတဲ့ ခွေးမကြီးကိုပဲ ပြေးယူလိုက်မယ်"

"ငါ့ စကားကို အသေးစိတ်မှတ်ထားတယ်ဆိုတော့... ဘာလဲ မင်းငါ့ကိုကြိုက်နေတာလား"

"ဝေါ့...အန်ချင်လိုက်တာ"

ခွန်းဆက်မှာတော့ သူ့စကားအရာမရောက်တော့ပဲ အကြောင်းအရာလွဲသွားကာ ရန်ဖြစ်နေကြသော နှစ်ယောက်အား မျက်နှာသေနဲ့သာ ထိုင်ကြည့်နေလိုက်တော့သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now