"မသွားပါနဲ့!!! "

"ရောင်နီ မင်းသတိရလာပြီလား"

ခွန်းဆက်မျက်လုံးဖွင့် ဖွင့်ချင်းကြားလိုက်ရသည့်အသံကြောင့် ဘေးကိုလှည့်ကြည့်လိုက်တော့ စိုးရိမ်မျက်လုံးများဖြင့်ကြည့်နေသော မိုးထက်တို့ ၃ယောက်ကို တွေ့လိုက်ရသည်။

"ငါဘယ်ရောက်နေတာလဲ ပြီးတော့ မင်းတို့က ဘာလုပ်နေတာလဲ"

"မေးခွန်းတွေနောက်မှမေး ရောင်နီ...အခု ငါမင်းကို စစ်ဆေးကြည့်အုံးမယ်"

မင်းမြတ်ဇေယျာက ခွန်းဆက်၏ အခြေအနေအားစစ်ဆေးတော့သည်။ မိုးထက်နဲ့ကောင်းထက်လည်း မင်းမြတ်လုပ်သည်ကို လိုက်ကြည့်နေရင်း မင်းမြတ်ပြောလာမည့် ခွန်းဆက်အခြေအနေကို စောင့်စားနေသည်။

"အင်း အားလုံးစိတ်ချရပြီ...နောက်ရက်နည်းနည်းလောက်ဆို ဆေးရုံကဆင်းလို့ရပြီ"

"ဆေးရုံ... ငါအခု ဆေးရုံရောက်နေတာလား"

မင်းမြတ်၏ ဆေးရုံဆိုသည့်စကားကြောင့် ခွန်းဆက်က ထထိုင်ကာ အလောတကြီးမေးလေသည်။ မင်းမြတ်က ခွန်းဆက် သက်သောင့်သက်သာထိုင်လို့ရအောင် ကျောနောက်တွင် ခေါင်းအုံးကို ထားပေးလိုက်သည်။

"အေး ခွေးသူတောင်းစားရေ မင်းအခုဆေးရုံရောက်နေတာ... မင်းကို စမြင်တုန်းကဆို ငါသေပြီလို့ထင်တာ"

"ဟုတ်တယ် ရောင်နီ... မင်းဘာဖြစ်လို့ အဲ့လောက်မိုင်နှုန်းနဲ့ မောင်းရတာလည်းကွာ... မသေကောင်းမပျောက်ကောင်း"

မိုးထက်စကားကို ကောင်းထက်က ထောက်ခံသည့်ဟန်ဖြင့် ပြောလာသည်။

"မှန်ကွဲတွေပဲထိလာလို့ ဒီလောက်ပဲ ဖြစ်သွားတာ နောက်မဟုတ်ရင် မတွေးရဲစရာကွာ... ကားကိုသတိထားပြီးမောင်းမှပေါ့ "

မင်းမြတ်ကလည်း ထပ်ဖြည့်ကာပြောသည်။ ခွန်းဆက်လည်း ပတ်ဝန်းကျင်ကို သေချာကြည့်ပြီးနောက် ကားကိုအမြန်မောင်းရသည့် အကြောင်းပြချက်ကို တွေးမိသွားကာ မျက်ဝန်းတို့က မှိုင်းညို့သွားတော့သည်။ ခွန်းဆက် ဖြစ်သွားသော ပုံစံကို မိုးထက်တို့လည်း သတိထားမိသွားသည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now