အပိုင်း (၃၀၉) တိုကျိုနိုက်ကလက်အချိန်

Start from the beginning
                                    

ထို့နောက် အကနေရာ၊ အဆိုတော်နှင့် အရက်အမျိုးမျိုး စီရီထားသည်။

အောက်ဖက်တွင် ထိုင်ခုံများစွာ ခင်းကျင်းထားပြီး လူများသည် အံစာပစ်တန်းကစားနေကြသည်။ စီးကရက်ကတော့ မပါမဖြစ်ပင်။

မိန်းကလေးအားလုံးသည် ဆက်စီကျကျဝတ်စုံများကို ဝတ်စားထားသည်။ သူတို့ ထွက်မလာချင် ရေမွှေးဖြန်းခြင်း မိတ်ကပ်လိမ်းခြင်းများတွင် အချိန်တော်တော် သုံးကြဟန်ရှိသည်။ ခြေတန်ရှည်များနှင့် မိန်းမလှလေးများသည် ပျော်ရွှင်စွာ ရယ်မောနေကြပြီး သူတို့ ရီဝေဝေလှုပ်ရှားမှုများနှင့် ကနေကြသည်။

ချင်မော့ဝင်လာသည့်အခိုက်အတန့်တွင် သူသည် အားလုံး၏စိတ်ဝင်စားမှုကို ခိုးယူထားတော့သည်။

အကြောင်းအရင်းကို အဖြေရှာရန် လုံးဝခက်ခဲသည်မဟုတ်ပေ။

ထိုနေရာသို့ တည်ငြိမ်သည့် ပင်ကိုယ်စရိုက်ရှိသည့် တစ်စုံတစ်ယောက်ကိုခေါ်လာခြင်းသည် ကြီးမြတ်လှသည့် သခင်လေးသည် လူတို့ကို ရေတံခွန်ငယ်လေးလိုစီးဆင်းနေသော အလိုရမ္မက်များဖြင့် ကြီးစွာဆွဲဆောင်နေသည့် နတ်ဆိုးကမ္ဘာသို့ ဆင်းလာသည်နှင့် တူနေတော့သည်။

မိန်းကလေးအားလုံးသည် ချင်မော့ကို အလွန်ညုတုတုနှင့် ရင်းနှီးချင်လွန်းသည့်ပုံစံဖြင့် မျက်လုံးအရသာခံနေသည့်နှယ် ကြည့်နေကြသည်။

သူတို့သည် သားကောင်ကို လိုက်နေကြသည်။ ထိုအရာမှာ သည်ပို မသိသာနိုင်တော့ချေ။ သူတို့အားလုံးသည် ဘာကိုမျှ ဖုံးကွယ်ထားခြင်းမရှိကြသောကြောင့်ပင်။ ထိုယောကျ်ားသည် အဖော်ပါလာသဖြင့် နှမြောစရာကောင်းရာ သူတို့သည် အလွန်စိတ်ပျက်သွားတော့သည်။

ထို့နောက် သူတို့သည် ချင်မော့နောက်က ဖူကျို့ကို တွေ့သွားလေသည်။

သူနှင့်ယှဥ်လျှင် ဖူကျို့သည် နိုက်ကလပ်များအတွက် မွေးဖွားလာသူဖြစ်သည်။

ပထမအနေဖြင့် သူမ၏ဆံပင်များမှာ ငွေရောင်ဖြစ်သည်။ ထို့နောက်တွင် သူမ၏စဥ်းလဲသောအပြုံးနှင့် သူမဝတ်ထားသော အနက်ရောင်လယ်သာဂျာကင်မှာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်နေသည်။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Where stories live. Discover now